ရွှေဖရုံပင်နွယ်ကိုင်းများက ဆေးဖက်ဝင်သည်ဟုပြောလျှင် အများစုက မသိကြသေးပါ။ ရွှေဖရုံနွယ်ကိုင်းများသည် နတ်ဆေးတစ်ပါးသဖွယ် ကောင်းကျိုးများစွာ ရှိသည်။
၁။ ဆီးလမ်းကြောင်းကျေက်တည်ခြင်းကို ကုသပေးနိုင်ခြင်း
ရွှေဖရုံပင်နွယ်ကိုင်းများသည် ဆီးလမ်းကြောင်း ကျောက်တည်ခြင်းကို ကုသပေးနိုင်စွမ်းရှိသည်။ တည်ငြိမ် သေးငယ်သော ကျောက်တည်မှုကို ကုသရာတွင် စမ်းသပ်သုံးစွဲနိုင်သည်။ ရွှေဖရုံပင်နွယ်ကိုင်းများသည် ဆေး အဆိပ် မရှိပါ။
၂။ အားအင်ချည့်နဲ့ခြင်းနှင့် ကိုယ်တွင်းအပူကို ကုသပေးနိုင်ခြင်း
ရွှေဖရုံပင်နွယ်ကိုင်းများကို အရည်ကြိတ်သောက်ခြင်းသည် အားအင်ချည့်နဲ့ခြင်းနှင့် ကိုယ်တွင်းအပူများကို ကုသ ပေးနိုင်သည်။ အဆုတ်၊ အစာအိမ်နှင့် သွေးကြောများအတွက် ကောင်းမွန်သည်။ တီဘီရောဂါကြောင့်ကိုယ်ခန္ဓာအပူချိန် လျှော့နည်းပြီး ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ Tonsil ဂလင်းရောင်ရမ်းခြင်း၊ မျက်စိမှုန်ဝါးခြင်း၊ ဝမ်းချုပ်ခြင်း စသည်တို့ကို ကုသပေးနိုင်စွမ်းရှိသည်။
၃။ သွေးတိုးခြင်းကို ကုသပေးခြင်း
အသည်းကျောက်ကပ်အားနည်းခြင်းကြောင့်ဖြစ်ပေါ်သော ခေါင်းမူသွေးတိုးခြင်းကို ကုသပေးနိုင်သည်။ အဝလွန် ခြင်းကြောင့်ဖြစ်သော သွေးတိုးခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်းများကို ကုသနိုင်သည်။ အခြားသွေးတိုးအမျိုး အစား များကိုမူ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပါ။
၎။ ဆေးလိပ်ဖြတ်ပေးနိုင်ခြင်း
ရွှေဖရုံနွယ်ပင်ကိုင်းအနည်းငယ်ကို သန့်စင်စွာဆေးကြောကာကိုက်ဖြတ်၍ ထောင်းပြီးအရည်ကို ရယူပါ။ ကြံသကာ အနည်းငယ်ထည့်ပြီး ရေနွေးကြမ်းအစားထိုးအဖြစ် သောက်သုံးပေးပါ။ သို့မဟုတ် အခြောက်ခံထားသော ရွှေဖရုံနွယ် ပင်ကိုင်းကို ပန်းကန်းလုံးတစ်ခွက်စာကြို၍ ကြံသကာအနည်းငယ် ထည့်သောက်ပါ။ အာရုံကြောကို ငြိမ်သက်စေပြီး နီကိုတင်းကို ဖယ်ရှားပေးနိုင်သည်။ သို့သော် ဇွဲကောင်းကောင်းဖြင့် နေ့စဉ် သောက်သုံးမှသာလျှင် ဆေးလိပ်ပြတ်နိုင် မည်ဖြစ်သည်။
www.farmer.com.cn မှကောက်နုတ်ဖော်ပြသည်။