တရုတ်နိုင်ငံ သိပ္ပံကောလိပ် အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲခြင်းသုတေသနစင်တာနှင့်မြန်မာနိုင်ငံအစိုးရတို့ သည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် သုတေသနလေ့လာမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ Dendrobium အမျိုးအ စားထဲတွင်ပါဝင်သော Dendrobium naungmengense အမည်ခေါ် အမျိုးအစားသစ်ကို တွေ့ရှိခဲ့သည်။
Dendrobium အမျိုးအစားသည် သစ်ခွမျိုးထဲတွင် အမျိုးအစားအများဆုံး မျိုးစုတစ်ခုဖြစ်ပြီး မျိုးစိတ်မှာ ၈၀၀မျိုးမှ ၁၅၀၀မျိုးအထိရှိပြီး အများအားဖြင့် တောင်အာရှ၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှများတွင် ပေါက်ရောက်လေ့ရှိပါ သည်။ မြန်မာနိုင်ငံတွင် မှတ်တမ်းတင်ထားပြီဖြစ်သော Dendrobium အမျိုးအစားမှာ (၁၂၅)မျိုးရှိပြီဖြစ်သည်။ ၂၀၁၅ခု နှစ်တွင် တရုတ်မြန်မာနှစ်နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံမြောက်ပိုင်းရှိ နောင်မုံဒေသတွင် သုတေသနကွင်းဆင်းလုပ်ငန်း များလုပ်ကိုင်ရာတွင် ချောင်းဘေးရှိ မိုးသစ်တောပင်ပေါ်တွင် Dendrobium ပင်တစ်ပင်တွယ်ကပ်ပေါက်ရောက် နေ သည်ကို တွေ့ရှိခဲ့သည်။ ပုံပန်းသဏ္ဍာန်မှာ အခြား Dendrobium အမျိုးအစားတစ်မျိုးနှင့် တူပြီး ပင်စည်တွင် ကိုင်းခွဲ များပါရှိသည် ပန်းခိုင်မှာတိုပြီး ပန်းပွင့် ၁ပွင့်၂ပွင့်သာရှိသည် ပန်းပွင့်မှာ ဝါစိမ်းရောင်ရှိသည် ပွင့်လွှာမှာ ခရမ်းနီရောင်နှင့် အစင်းလိုင်းသို့မဟုတ် အစက်အပြောက်များပါရှိသည်။ ပွင့်လွှာသုံးဖတ်ပါရှိသည် ပွင့်ဖတ်အုံမှာ ကျယ်ပြီးအ နောက် ဘက်တွင် သေးငယ်သည် အရှေ့ဘတ်ရှိ ပွင့်လွှာမှာ သိသာသော ဒေါက်လိုက်ခေါက်ကြောင်း ၃ ကြောင်းပါရှိ၍ အရှေ့ ဘတ်ပွင့်လွှာ၏ ဘေးနာခမ်းရှိ ခေါက်ကြောင်းတွင် အမွှေးများပါရှိပြီး Gynostemium ၏ ထိပ်ပိုင်းတွင် သိသာသော အခွက်ရှိသည်။ နာမှုနာများ သက်ဆိုင်ရာစာမေများကိုလေ့လာ စစ်ဆေး၍ ကျွမ်းကျင်သူများကို မေးမြန်းစုံစမ်းခဲ့ရာတွင် ယခုမှတွေ့ရှိသော အမျိုးစားသစ်ဖြစ်ကြောင်း သိခဲ့ရသဖြင့် တွေ့ရှိရာဒေသ၏အမည်ဖြင့် Dendrobium naungmengense ဟုသတ်မှတ်ခဲ့ကြောင်း သိရပါသည်။
www.yndaily.com မှကောက်နုတ်ဖော်ပြသည်။