တရုတ်နိုင်ငံ ပြည်ပပညာရှင်ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း ထုတ်ဝေသော နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်ပြည်ဝင်ဗီဇာစနစ်နည်းဥပဒေအရ ယမန်နေ့က ယူနန်ပြည်နယ် ပြည်ပ ပညာရှင်ဌာနမှ ပထမဆုံးသော ပြည်ပအဆင့်မြင့်ကျွမ်းကျင်ပညာရှင်အတည်ပြုလွှာကို ထုတ်ဝေပေးခဲ့ပါသည်။ လက်ခံ ရရှိသူမှာ ယူနန်ပြည်နယ် မြက်ခင်းတိရစ္ဆာန်သိပ္ပံသုတေသနကောလိပ်မှ ဖိတ်ကြားခန့်အပ်ထားသော ၂၀၁၇ခုနှစ် Yunling လူရည်ချွန် စီမံကိန်းမှ Yunling အထက်တန်းနိုင်ငံခြားကျွမ်းကျင်ပညာရှင် ထိုင်းနိုင်ငံသား Mr.Metha Wanapat ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံသိုပ (၁၀)နှစ် Multi Visa ပြည်ဝင်ခွင့်ကို ရရှိခဲ့ကြောင်း သိရပါသည်။

ယခုအကြိမ် နိုင်ငံခြားအဆင့်မြင့်ကျွမ်းကျင်ပညာရှင် အတည်ပြုလွှာကို ရရှိခြင်းအပေါ် Mr.Metha Wanapat က သည် ယူနန်ပြည်နယ်မှ ကျွမ်းကျင်ပညာရှင်ဗီဇာစနစ်ကို အကောင်အထည်ဖော်လိုက်ခြင်းကြောင့် ပြည်ဝင်ပြည်ထွက် အဆင်ပြေစေနိုင်မည်ဖြစ်ပြီး ပိုမိုများပြားသော ပြည်ပလူတော်ပညာရှင်များ ယူနန်ပြည်နယ်သို့ လာရောက်လေ့လာ ဖလှယ်နိုင်ရန်အတွက်လည်း အကျိုးပြု ဆွဲဆောင်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယူနန်ပြည်နယ်သည် ယခုနှစ် မတ်လ၊ ၁ ရက်နေ့တွင် နိုင်ငံခြားကျွမ်းကျင်ပညာရှင်ပြည်ဝင်ဗီဇာစနစ်ကို စတင် အကောင်အထည်ဖော်ခဲ့ခြင်းကြောင့် နိုင်ငံခြားပညာရှင်တို့၏ ဗီဇာလျှောက်ထားမှုကို ပိုမိုလျင်မြန်ထိရောက်စေ ခဲ့သည်။ နိုင်ငံခြားပညာရှင်အတည်ပြုခြင်းကို အလုပ်ရက်(၅)ရက်အထိ လျော့ချပေးခဲပြီး ပညာရှင်နှင့်၎င်းတို့၏ အိမ်ထောင်နှင့် သားသမီးများသည် သက်ဆိုင်ရာအခြေစိုက်သံရုံးတွင် ဗီဇာသွားရောက်လျှောက်ထားနိုင်ကာ အမြန်ဆုံးအဖြစ် ဒုတိယ နေ့တွင် ဗီဇာရယူနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အခမဲ့လျှောက်ထားခြင်းကိုလည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။
www.yndaily.com မှ ကောက်နုတ်ဖော်ပြသည်။
德宏网(dohong.gov.cn) 孔雀之乡 大美德宏