Myanmar မှာ ဝက်ဆိုက်
ဖရဲသီးကွဲအက်ခြင်းကိုဖြေရှင်းပေးနိုင်မည့် နည်းလမ်း(၆)ခု

  ဖရဲသီးကွဲအက်ရခြင်းပြဿနာသည် ဖရဲစိုက်တောင်သူများ အမြဲစိတ်အနှောင့်အယှက်ဖြစ်စေသည့် ကိစ္စတစ်ခုဖြစ် သည်။ တစ်နှစ်ခန့် စိုက်ကွင်းလေ့လာသုံးသပ်ချက်အရ ဖရဲသီးကွဲအက်ရခြင်း၏အဓိကအကြောင်းအရင်းနှင့် ဖရဲ သီးကွဲအက်မှုကို လျှော့ချနိုင်မည့် နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။

  ဖရဲသီးကွဲအက်ရသည့်အကြောင်းအရင်း

  မြေဆီလွှာထဲရှိ ရေဓာတ်ပါဝင်မှု ရုတ်တရက်ပြောင်းလဲခြင်း၊ အများအားဖြင့် မြေဆီလွှာ အလွန်ခြောက်ကပ်နေချိန် တွင် မိုးသည်းထန်စွာရွာခြင်းနှင့် ရေအလွန်အကျွံသွန်းလောင်းပေးခြင်းတို့ကြောင့် ဖြစ်သည်။ အထူးသဖြင့် ဖရဲသီး ကြီးထွားကာလ သို့မဟုတ် ခူးဆွတ်ကာလတွင် ရုတ်တရက်မိုးဆက်တိုက်ရွာသွန်းခြင်းဖြင့်တွေ့ရှိပါက ဖရဲသီးကွဲအက်မှု ကို တိုးများစေမည်ဖြစ်သည်။ သစ်သီးကြီးထွားကာလတွင် အပူချိန်ရုတ်တရက်ကျဆင်းသွားပြီးနောက် ရုတ်တရက် ပြန် လည်မြှင့်တက်လာပါက ဖရဲသီးကြီးထွားမှုကို အရှိန်မြန်စေကာ ဖရဲသီးခွံကွဲအက်ခြင်းကိုဖြစ်ပွားစေမည်ဖြစ်သည်။ မြေဆီ လွှာချို့တဲ့ခြင်း သို့မဟုတ် ဖရဲးခြံအတွင်းရှိ Calcium၊ Potassium စသည့်ဒြပ်မလုံလောက် ခြင်း၊ ဖရဲခွံပါးခြင်း၊ ဖရဲခွံ အမျိုးအစားကျွတ်ခြင်းတို့ကြောင့် ကွဲအက်လွယ်ခြင်း၊ Zhuo Gua ling ဟုခေါ်သော ဓာတုဆေးသုံးဆွဲရာတွင် ပါဝင်မှု များလွန်း၍ ဖရဲသီးကို ဖောင်းကြွစေကာ အဖြူရောင်အရည်များ ယိုစိမ့်ပြီး ကွဲအက်တတ်သည်။

  ကာကွယ်နိုင်မည့်နည်းလမ်းများ

  သင့်လျော်သောအမျိုးအစားကိုရွေးချယ်စိုက်ပျိုးရမည်။ မြေကိုနက်အောင်ထွန်ခြင်းဖြင့်အမြစ်ပိုင်းကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေကာ မြေအောက်ပိုင်းရှိရေဓာတ်ကို စုပ်ယူစေနိုင်မည်ဖြစ်သည်။ ထို့နောက် ပလက်စတစ်အလွှာပါးဖြင့်ဖုံးအုပ်ပေး ကာ ရေဓာတ်ကိုထိန်းသိမ်းပေးထားရမည်ဖြစ်သည်။ အသီးမရင့်မှည့်ခင်(၇-၁၀)ရက်အလိုတွင် ရေလောင်းခြင်းကို ရပ် တန့်ရမည်ဖြစ်ပြီး ညနေပိုင်းတွင် ခူးဆွတ်ပေးရမည်။ ဖရဲသီးကွဲအက်မှုကို လျှော့ချလိုပါက potassium၊ Calcium ၊ Boron စသည့်မြေသြဇာများကို တိုးထည့်ပေးခြင်းဖြင့် ဖရဲသီးအခွံ၏ ဆွဲဆန့်အားကိုကောင်းမွန်စေမည်ဖြစ်သည်။ ဖရဲ သီး ကြက်ဥအရွယ်ခန့်ရှိချိန်နှင့် အပေါ်ယံရှိ အမွေးငယ်များကျွတ်ချိန်တွင် calcium မြေသြဇာကို အရွက်ပေါ်နှင့် မြေဆီ လွှာများတွင်ထည့်ပေးရမည်။ Boron ဓာတ်မြေသြဇာကိုလည်း ထည့်ပေးရမည်။ Zhuo gua ling ဟုခေါ်သော ဓာတု ဆေးရည်ကို ပက်ဖျန်းရာတွင် အပူချိန်၊ ရာသီဥတုများအလိုက် ပါဝင်မှုကို သင့်လျော်စွာ ရွေးချယ်ပေးရမည်ဖြစ်သည်။ ပါ ဝင်မှုအလွန်များ၊ နည်းခြင်းတို့ကို ကာကွယ်ပေးရမည်။ နက်ရှိုင်းသောမြောင်းများတူးပေးရမည်။ မှန်လုံအိမ် နှစ်ဖက်တွင် အနက် ၃၀ စင်တီမီတာအထက်နှင့် အကျယ် ၄၀ စင်တီမီတာအထက်ရှိသော ရေနုတ်မြောင်းတူးပေးပြီး ရေ စီးဆင်း မှုအဆင်ပြေစေရန် လုပ်ဆောင်ပေးရမည်ဖြစ်သည်။ အဓိကမြောင်း၏အနက်မှာ (၈၀)စင်တီမီတာ၊ အကျယ် (၆၀) စင်တီ မီတာအထက်ရှိရမည်ဖြစ်သည်။ ထိုမှသာလျှင် ရေစီးဆင်းမှုအတွက်ကောင်းမွန်ပြီး ရေကိုထိန်းချုပ်နိုင်မည်ဖြစ် သည်။

  သစ်သီးဝလံ ဝက်ဘ်ဆိုက်မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐