Myanmar မှာ ဝက်ဆိုက်
ရွှေလီမြို့ဓာတ်ပုံဆရာများအသင်း ဆိုင်းဘုတ်တင်ဖွင့်လှစ်

  ရွှေလီမြို့ ဓာတ်ပုံဆရာများအသင်းကို ဇွန်လ၊ ၂ ရက်နေ့က ဆိုင်းဘုတ်တင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဤသည်မှာ ရွှေလီ မြို့ဓာတ်ပုံရိုက်ကူးနှစ်သက်သူများအတွက် အချင်းချင်း အပြန်အလှန် သိရှိဖလှယ်နိုင်မည့်စင်မြင့်တစ်ခုကို ဖော် ဆောင်နိုင်ခြင်းပင်ဖြစ်ပါသည်။ ရွှေလီမြို့သည်လည်း ရိုက်ကွင်းရိုက်ကွက်များအောက်မှ သူမ၏ သာယာလှပသော မြင် ကွင်း ပုံရိပ်များကို ဖော်ပြသွားနိုင်တော့မည်ဖြစ်ပါသည်။

  ရွှေလီမြို့သည် တရုတ်-မြန်မာနယ်စပ်ဒေသတွင် တည်ရှိကာ အရင်းအမြစ်ပြည့်ဝပြီး တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေးလုပ်ငန်းများပြားလှသည်။ ယခုအခါ ရွှေလီမြို့ဓာတ်ပုံဆရာများအသင်းထူထောင်ခြင်းဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသ သဘာဝဂေဟစနစ် ထိန်းသိန်းကာကွယ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းများကို ပိုမိုကောင်းမွန် စွာ ဝန်ဆောင် မှုပေးအပ်နိုင်တော့မည်ဖြစ်သည်။ ထို့ပြင် တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးကို ထပ်တစ်ဆင့် မြှင့်တင် နိုင် မည့်အပြင် ရွှေလီမြို့၏ပုံရိပ်ကို စင်မြင့်အသီးသီးတွင် ပိုမိုလှပစွာ ဖော်ပြနိုင်တော့မည်ဖြစ်ရာ နယ်စပ်ဒေသအထူးဇုန်နှင့် နယ်စပ်တံခါးဖွင့်ရှေ့ပြေးဒေသ၏ ဆွဲဆောင်ချက်များ ပြသနိုင်ရန်အတွက် အကျိုးရှိစေတော့မည်ဖြစ်ကြောင်း သိရပါ သည်။ အသင်းတာဝန်ရှိသူ၏ ပြောကြားချက်အရ အသင်း၏ ပွင့်လင်းဖြူစင်ခြင်း၊ သင်ယူမှုမြှင့်တင်ခြင်း၊ စည်းလုံးခြင်း၊ ဝန်ဆောင်မှုတိုးမြှင့်ခြင်းဟူသည့် လမ်းညွှန်ချက်၊ ဒေသန္တရပါတီကော်မတီအစိုးရ ဝန်ဆောင်မှုပေးအပ်ခြင်း၊ ရွှေလီမြို့ စီးပွားရေးတည်ဆောက်မှုကိုဝန်ဆောင်မှုပေးအပ်ခြင်း၊ ရွှေလီမြို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ခြင်းနှင့် ယဉ် ကျေး မှုမြှင့်တင်ရေးအတွက် ဝန်ဆောင်မှုပေးအပ်ခြင်း၊ ရွှေလီမြို့ဂေဟစနစ် ယဉ်ကျေးမှုတည်ဆောက်ရေးကို ဝန်ဆောင် မှုပေးအပ်ခြင်း၊ တရုတ်- မြန်မာယဉ်ကျေးမှုအနုပညာဖလှယ်ရေးကို ဝန်ဆောင်မှုပေးအပ်ခြင်းဟူသော ရည်မှန်းချက်နှင့် ရှာဖွေ၊ ထိန်းသိမ်း၊ ဆက်ခံ၊ ပြန့်ပွားဟူသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု လုပ်ငန်းကို အဓိကအချက် အဖြစ် သတ်မှတ်ကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ ရွှေလီမြို့၏ ဂေဟပတ်ဝန်းကျင်ပြန့်ပွားရေးအတွက် တာဝန်ယူ လုပ်ဆောင်ကာ အသင်းဝင် အားလုံးကို ဂုဏ်ယူစိတ်နှင့် အောင်မြင်မှုရလဒ်များ ရရှိခံစားစေရန်အတွက် လုပ်ဆောင် သွား မည်ဖြစ်သည်။ အသင်းမှ ရွှေလီမြို့ ပြည်တွင်းသဘာဝရှုခင်း၊ ဂေဟအရင်းအမြစ်၊ တိုင်းရင်းသားယဉ်ကျေးမှုများ၏ ရိုက်ကူးမှု အပေါ်မူတည်၍ ကာလတိုနှင့် ရေရှည်စီမံကိန်းများကို ချမှတ်ရေးဆွဲသွားမည်ဖြစ်ပါသည်။ ထို့အတူ အသင်းမှ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းများဖြင့် ဖလှယ်မှုနှင့် အပြန်အလှန်လေ့လာလှုပ်ရှားမှုပွဲများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

新闻推荐