ဇွန်လ၊ ၂ရက်နေ့မှ ၅ရက်နေ့အတွင်း တရုတ်နိုင်ငံအစိုးရမှ ထောက်ပံ့ကူညီသော ကမ္ဘောဒီးယားရွေ့လျား ဆေးခန်း အခမဲ့ ဆေးကုသရေးလှုပ်ရှားမှုကို Battambang ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဤသည်မှာ ယူနန်ပြည်နယ် Grade III Level A အဆင့် ဆေးရုံမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော ဆေးကုသရေးအဖွဲ့မှ ကမ္ဘောဒီး ယားနိုင်ငံ၌် အခမဲ့ဆေးဝါးကုသမှု အစီအစဉ်ပြုလုပ်သည့် တတိယမြောက်ပြည်နယ်ပင် ဖြစ်သည်။
မေလ၊ ၁၉ ရက်နေ့မှစ၍ ယူနန်ဆေးကုသရေးအဖွဲ့သည် မြင့်မားသောအပူချိန်၊ စိုထိုင်းပူပြင်းသည့် ဆိုးဝါးသောရာ သီဥတုကို အံတုကာ ကမ္ဘောဒီးယား ဖနွမ်းပင်၊ Kampong Cham၊ Battambang စသည့် ပြည်နယ်နှင့် မြို့ များရှိ ဝေးလံ ခေါင်ဖျားသောကျေးရွာဒေသများသို့ သွားရောက်ကာ နေ့စဉ်ဆက်တိုက် ကုသမှုများ ဆောင်ရွက်ခဲ့ပါသည်။ နေ့စဉ် လက်ခံကုသသော လူနာဦးရေ (၂၀၀၀)ခန့်ရှိကြောင်း သိရသည်။ ဇွန်လ၊ ၂ရက်နေ့တွင် Battambang Bavel I ကျန်း မာရေး စင်တာတွင် ဒေသခံ (၁၆၀၀)ကျော်ခန့်ကို အခမဲ့ဆေးကုသမှုများလုပ်ဆောင်ပေးခဲ့ကြောင်း သိရပါသည်။
Battambang ပြည်နယ် ကျန်းမာရေးဦးစီးဌာန ဌာနမှူးက ယခုအကြိမ်ပြုလုပ်သော အခမဲ့ဆေးကုသမှုတွင် ကမ္ဘော ဒီးယားနှင့် တရုတ်နှစ်နိုင်ငံရှိ ဆရာဝန်များသည် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆေးကုသမှုကိရိယာ များသည်လည်း ခေတ်မီစုံလင်ကာ အများပြည်သူပါဝင်မှုလည်း ကျယ်ပြန့်များပြားပါကြောင်း ထိုအခမဲ့ ဆေးကုသရေး လှုပ်ရှားမှုသည် Battambang ပြည်နယ်၌ ကျင်းပခဲ့သော အကြီးမားဆုံး လှုပ်ရှားမှုဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီသော ရွေ့လျားဆေးခန်းကြောင့် အခြေခံပြည်သူလူထုနှင့် ဝေးလံသော ကျေးလက်ဒေသရှိ ဆေးကုသမှုဝန်ဆောင်မှုများကို အဆက်မပြတ် တိုးမြင့်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
www.yndaily.com မှကောက်နုတ်ဖော်ပြသည်။