မကြာသေးမီရက်ပိုင်းက ယူနန်ပြည်နယ်တစ်ခွင်လုံးတွင် နေရာအနှံ့အပြားမိုးများ ရွာသွန်းခဲ့ပြီး မိုးကြိုးမုန်တိုင်း ထစ်ချုန်းမိုးများ ရွာသွန်းခဲ့သည်။ ထိုသို့ မိုးရွာသွန်းချိန် တွင် လျှပ်စစ်ဓာတ်မလိုက်ရန် မည်သို့ရှောင်ကြဉ် ကာကွယ် ရမည်နည်း။
သာမန်ပြည်သူများအတွက် ဆိုးဝါးသောရာသီဥတုကာလတွင် ပြင်ပသို့ သွားရောက်ပါက လျှပ်စစ်နှင့် ပတ် သတ်သော သတိပြုရမည့်လုံခြုံရေးအချက်အလက်များမှာ ထရန်စဖော်မာနှင့် မီးကြိုးအောက်တွင် မိုးမခိုရပါ။ လုံခြုံရေး အန္တရာယ် သတိပေး အမှတ်အသားကပ်ထားသော စက်ယန္တရားများ၏ အနီးတွင် မနေရပါ။ ဒုတိယမှာ စိုစွတ်သော အခြေအနေအောက်တွင် လျှပ်စစ်ဓာတ်စီးဝင်နေသောပစ္စည်း၏အခွံကို ထိတွေ့ခြင်းများကို အတတ်နိုင်ဆုံးရှောင်ကြဉ် ပေးရမည်။ အထူးသဖြင့် သတ္တုဖြင့် လုပ်ထားသော သို့မဟုတ် အခြားဓာတ်လိုက်နိုင်သောပစ္စည်းများကို မကိုင်ရပါ။ အကယ်၍ လျှပ်စစ်စီးဆင်းမှုရှိသော ဆိုင်းဘုတ်(Light Box)ပတ်ဝန်းကျင်တွင် ရေဝပ်နေပါက ရှောင်သွားရန်၊ ကပ် လျှောက်သွားခြင်း မပြုလုပ်ရန် အကြုံပြုလိုပါသည်။ တတိယမှာ အကယ်၍ ရေဝပ်သောဒေသ သို့မဟုတ် အခြား ပတ်ဝန်းကျင်တွင် လျှပ်စစ်ကြိုးများ၊ အောက်ကျနေသော မီးကြိုးများ တွေ့ရှိပါက လျှပ်စစ်စီးဆင်းမှုရှိသည်မရှိသည်ကို ဆုံးဖြတ်နိုင်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနားသို့ လုံးဝမကပ်ပါနှင့်။ အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာဌာန သို့ မဟုတ် လျှပ်စစ်ထောက်ပံ့ရေးလုပ်ငန်းဌာနသို့ ဆက်သွယ်အသိပေးကာ ဖြေရှင်းရမည်ဖြစ်သည်။ တပါးသူများ အနားမကပ်မိစေရန်လည်း သတိပေးတားမြစ်ရမည်ဖြစ်သည်။
www.yunnan.cn မှကောက်နုတ်ဖော်ပြသည်။