Myanmar မှာ ဝက်ဆိုက်
နွေရာသီတွင် ခြင်ဒဏ်ကာကွယ်နိုင်မည့်နည်းလမ်း

  ပူလောင်သောနွေရာသီမှာ လူအများခေါင်းအကိုက်ရဆုံးမှာ ခြင်သတ္တဝါပင် ဖြစ်သည်။ ခြင်များမရှိစေရန် သက်သာစေနိုင်မည့်နည်းလမ်းကောင်းများကို ဖော်ပြပေးပါရစေ။

  လိမ္မော်ခွံသုံးနည်း - နေလှန်းအခြောက်ခံထားသော လိမ္မောခွံကို ညှက်ပြီးနောက် လေဝင်လေထွက်နိုင်သော အိတ်ထဲတွင် ထည့်ပါ။ လိမ္မောခွံထဲတွင် Limonene နှင့် Linalool ပါဝင်သည်။ ခြင်များမှာ ထိုအနံ့ကို မနှစ်သက်ကြပါ။ လိမ္မောခွံ ထည့် ထားသောအိတ်ကို ပြတင်းပေါက်အနီးတွင်ထားရှိခြင်းဖြင့် ခြင်များ အိမ်ထဲမဝင်ရန် ကာကွယ်ပေး နိုင်မည်ဖြစ်သည်။

  ညအခါလိမ္မောခွံအနည်းငယ်ကို မီးမကူးတတ်သောခွက်ထဲတွင် ထည့်၍ မီးရှို့ပေးပါ။ အခိုးငွေ့ထွက်ရုံသာဖြစ်ပြီး မီးတောက်များမလောင်ကျွမ်းစေရပါ။ ဤအနံ့သည် ခြင်များကို ဝေးဝေးရှောင်စေမည်ဖြစ်သည်။

  သောက်ပြီးသော လက်ဖက်ခြောက်များကို ပြန်လည်နေလှန်းကာ မီးရှို့ပေးလျှင်လည်း တူညီသော အကျိုးသက် ရောက်မှုရှိပါသည်။ လက်ဖက်ခြောက်လောင်ကျွမ်းစဉ် ထွက်ရှိလာသောအနံ့မှာ ခြင်များကို စူးရှသောအနံ့ရရှိစေပြီး လူ့ ခန္ဓာကိုယ်အတွက် အန္တရာယ်မဖြစ်စေကြောင်း သိရပါသည်။

  paper.people.com.cn မှကောက်နုတ်ဖော်ပြသည်။

新闻推荐