Myanmar မှာ ဝက်ဆိုက်
မြန်မာနိုင်ငံ မူဆယ်မြို့တွင် ချစ်ကြည်ရေးစာပေရေချမ်းစင်ဖွင့်လှစ်

သြဂုတ်လ၊ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံ မူဆယ်ဒေသတို့မှ ပူးပေါင်း ဖွင့်လှစ်သော မူဆယ်ချစ်ကြည်ရေးစာပေရေချမ်းစင်ကို အများပြည်သူအတွက် တရားဝင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါ သည်။ ဤသည်မှာ တက်ဟုန်းပြည်နယ်ခွဲမှ မြန်မာနိုင်ငံတွင် ပေါက်ဖော်စာကြည့်တိုက်ဖွင့်လှစ်ပြီးနောက် တရုတ်- မြန်မာယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်မှုအတွက် ပြုလုပ်သောကြိုးပမ်းဆောင်ရွက်ချက်သစ်တစ်ခုဖြစ်ကြောင်း သိရပါ သည်။

တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်စီးပွား၊စိုက်ပျိုးသိပ္ပံ၊ ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် အပြန်အလှန်နားလည် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်အတွက် တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးစင်မြင့်ကို တက်ကြွစွာ တည်ဆောက်လျက်ရှိပါသည်။ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲပါတီကော်မတီ ပြန်ကြားရေးဌာန၊ တက် ဟုန်းပြည်နယ်ခွဲသတင်းမီဒီယာအုပ်စု၊ရွှေလီမြို့ပါတီကော်မတီပြန်ကြားရေးဌာန၊ မြန်မာနိုင်ငံ မူဆယ်ဒေသ ပြန်ကြားရေး ဌာနတို့မှ မူဆယ်မြို့ ချစ်ကြည်ရေးစာပေရေချမ်းစင်ကို ပူးပေါင်းထူထောင်ခဲ့ကြောင်း သိရပါသည်။

မူဆယ်မြို့ ချစ်ကြည်ရေးစာပေရေချမ်းစင်မှာ မြန်မာနိုင်ငံ မူဆယ်ဒေသ ပြန်ကြားရေးဌာန ရုံးခန်းအဆောက်အအုံ အတွင်း ဖွင့်လှစ်ထားရှိပြီး ဧရိယာအကျယ် (၆၀)စတုရန်းမီတာရှိကြောင်း သိရပါသည်။ ပထမဆုံးပြင်ပသို့ ငှားရမ်း ပေးသော စာအုပ်၊ ဗီဒီယိုများမှာ တက်ဟုန်းပြည်နယ်ခွဲ သတင်းမီဒီယာအုပ်စု တက်ဟုန်းပြည်နယ်ခွဲ တိုင်းရင်းသား ပုံနှိပ်ထုတ်ဝေရေးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်ထားခြင်းဖြစ်ပြီး အမျိုးအစားစုစုပေါင်း(၁၀၀၀)ကျော်ရှိကာ အုပ်ရေ၊ အချပ်ရေ(၃၀၀၀)ကျော်ရှိပြီး စုစုပေါင်းတန်ဖိုး ယွမ်ငွေ(၁)သိန်းခန့်ရှိကြောင်း သိရပါသည်။ စာဖတ်ခန်း ဆောက်လုပ်ပြီး နောက် အဓိကအားဖြင့် အခမဲ့စာပေဖတ်ရှုခြင်း၊ အခမဲ့စာအုပ်ငှားရမ်းခြင်း၊ စာအုပ်လှူဒါန်းခြင်းစသည့် အများပြည်သူ အကျိုးပြု ယဉ်ကျေးမှုဝန်ဆောင်မှုနှင့် တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ခြင်းလှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဖြစ် သည်။ စာဖတ်ခန်း၏ နေ့စဉ်ကြီးကြပ်စီမံမှုကို မူဆယ်ဒေသပြန်ကြားရေးဌာနမှ တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ပြီး တက်ဟုန်းပြည်နယ်ခွဲ သတင်းမီဒီယာယဉ်ကျေးမှု ထုတ်လုပ်ရေးဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်မှ ထောက်ပံ့ကူညီ သွားမည်ဖြစ်ကြောင်း သိ ရပါသည်။

m.ruili.gov.cn မှ ကောက်နုတ်ဖော်ပြသည်။

 

新闻推荐