Myanmar မှာ ဝက်ဆိုက်
မြန်မာနိုင်ငံလားရှိုးတိုင်းရင်းသားယဉ်ကျေးမှုလေ့လာရေးအဖွဲ့မှ တက်ဟုန်းပြည်နယ်ခွဲသို့သွားရောက် လေ့လာ

သြဂုတ်လ၊  ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံတက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း လားရှိုး ကိုယ်စားလှယ်ရုံး၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှုအသင်းဥက္ကဌ ဦးစိုးဝင်းမှဦးဆောင်သော မြန်မာနိုင်ငံ လားရှိုးတိုင်းရင်းသားယဉ်ကျေးမှုလေ့လာရေးအသင်းသည် တက်ဟုန်းပြည်နယ်ခွဲသို့ သွားရောက်ကာ လေ့လာဖလှယ်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

လေ့လာရေးအဖွဲ့သည် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ရွှေလီ၊ လုံချွမ်း၊ ရင်ကျန်း၊ လျန်ဟော်နှင့် မန်စီ ဒေသများသို့သွားရောက်ခဲ့ပြီး ဒေသခံတိုင်းရင်းသားယဉ်ကျေးမှုအထူးလက္ခဏာများနှင့် ရိုးရာသီချင်း၊ အက၊ ရှမ်းပြ ဇာတ်၊ ယွဲရှန့်ဒေါင်း အကရိုးရာဆက်ခံနေရာနှင့် နိုင်ငံတော်တံခါးပေါက်စာအုပ်ဆိုင်စသည့် နေရာများသို့ သွားရောက် လည်ပတ်လေ့လာခဲ့ပါသည်။ လေ့လာရေးအဖွဲ့သည် တက်ဟုန်းပြည်နယ်ခွဲ၏ လှပသောပတ်ဝန်းကျင်ရှုခင်း၊ ရိုးသား သော လူနေမှုဘဝ၊ တိုင်း ရင်းယဉ်ကျေးမှုများကို အလွန်သဘောကျအားကျခဲ့ကြသည်။ ဦးစိုးဝင်းက ရိုးရာ တိုင်းရင်း သားကျေးရွာများကို သွားရောက်လေ့လာခြင်းဖြင့် တရုတ်အစိုးရမှ ရိုးရာတိုင်းရင်းသားကျေးရွာများ၏ အခြေခံ အဆောက်အဦးအပေါ် ရင်းနှီးအလေးထား မြင်တွေ့နိုင်သည့်အပြင် တရုတ်အစိုးရမှ တိုင်းရင်းသား လူနည်း စု ၏ ယဉ်ကျေးမှုအပေါ် အလေးထားမှု၊ ထောက် ပံ့ကူညီမှုများကိုလည်း မြင်တွေ့ခဲ့ရကြောင်း၊ နောင်အခါတွင် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ပိုမိုများပြားရန်၊ မြန် တက်ဟုန်းပြည်နယ်ခွဲ၏ အောင်မြင်မှုအတွေ့အကြုံများကို သင်ယူရန်၊ နောင်အခါတွင် နှစ်နိုင်ငံမှ ပိုမိုကျယ် ပြန့်စွာဖလှယ်ပူးပေါင်းနိုင်ရန်မျှော်လင့်ကြောင်း အပြန်အလှန်ထောက်ပံ့မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။

ယူနန်နေ့စဉ်သတင်းစာမှ ကောက်နုတ်ဖော်ပြသည်။

新闻推荐