စက်တင်ဘာလ၊ ၁၀ ရက်နေ့ နံနက်ပိုင်းက ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှကြီးမှူးပြီး၊ ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ ဦးစီးကာ၊ ယူနန်ပြည်နယ်ရုပ်သံလွှင့်ဌာနမှ တာဝန်ယူကျင်းပသော ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ သတင်းမီဒီယာအလုပ်ရုံ ဆွေးနွေးဖလှယ်ရေးသင်တန်းကို ယူနန်ပြည်နယ်ရုပ်သံလွှင့်ဌာန ရကွမ် သတင်းမီဒီယာစင်တာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။
ယခုအကြိမ်သင်တန်းသို့ မြန်မာနိုင်ငံ ပြန်ကြားရေးဌာန၊ မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေရေးဌာန၊ မြန်မာနိုင်ငံ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန၊ မြန်မာနိုင်ငံအမျိုးသားရုပ်မြင်သံကြားဌာနစသည့်သတင်းမီဒီယာဌာနတို့မှ သင် တန်းသူသင်တန်းသား(၁၀)ဦးပါဝင်တက်ရောက်ကြောင်း သိရသည်။ သင်တန်းကာလမှာ စက်တင်ဘာလ၊ ၁၀ ရက် နေ့မှ ၁၉ ရက်နေ့အထိဖြစ်ပါသည်။ လေ့လာဖလှယ်သင်တန်းကို တရုတ်နိုင်ငံ ရုပ်မြင်သံကြား အစီအစဉ် ထုတ်လုပ် မှုနှင့်စီစဉ်မှု၊ သတင်းမီဒီယာအသစ်အဟောင်းပေါင်းစပ်ခြင်းစသည့်ကဏ္ဍများကိုအခြေပြုကာ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရပါသည်။
သင်ရိုးအရည်အသွေးကို အာမခံနိုင်ရန်အတွက် ယူနန်အသံလွှင့်ဌာန နိုင်ငံတကာလိုင်းမှ ဝါရင့်အတွေ့အ ကြုံ ရှိအယ်ဒီတာနှင့် နည်းပညာရှင်များမှ သင်ကြားမှုပိုင်းတွင် ပါဝင်သွားမည့်အပြင် ယူနန်ပြည်နယ်တက္ကသိုလ်မှ ပါမောက္ခ နှင့် တရုတ်အသံလွှင့်ဌာမှဝါရင့်သတင်းထောက်များဖိတ်ကြား၍ မြန်မာနိုင်ငံသင်တန်းသားများကို ပို့ချပေး သွားမည်ဖြစ် ကြောင်း သိရပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ ယူနန်ပြည်နယ်အသံလွှင့်ဌာန ဒုတိယဌာနမှူး ဖန့်ယီဟန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ယခုအကြိမ်ဖလှယ်မှုမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံသတင်းမီဒီယာ လုပ်ငန်းတူများအကြား ဆက်ဆံဖလှယ်ရေးလုပ်ငန်းများကို မြှင့်တင်ပေးသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာသင်တန်း သား ကိုယ်စား မြန်မာနိုင်ငံပြန် ကြားရေးဝန်ကြီးဌာန ပုံနှိပ်နှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း မှ ယခုအကြိမ် ဖလှယ်သင်တန်းအပေါ် မျှော်လင့်ချက်များပြည့်ဝနေကြောင်းနှင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုများ အ တွက်ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
www.yneport.gov.cn မှကောက်နုတ်ဖော်ပြသည်။