Myanmar မှာ ဝက်ဆိုက်
တရုတ်ပြည် ရွှေလီသို့လာရောက်လည်ပတ်သူများ ဖုန်း App ဖြင့် လျှပ်စစ်မော်တော်ယာဉ်များ ဌားရမ်းအသုံးပြုနိုင်တော့မည

  တရုတ်ပြည် ရွှေလီမြို့သို့လာရောက်လည်ပတ်သော ခရီးသည်များသည်ဖုန်း App ကိုအသုံး ပြု၍ လျှပ်စစ်မော်တော်ယာဉ်များကိုယခုနှစ်နှစ် လယ်ပိုင်းလောက်တွင်ဌားရမ်း အသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

  ပီကင်း(ယူနန်ရွှေလီ) မော်တော်ယာဉ်ကုမ္ပဏီလီမိတက်မှ ထုတ် လုပ်ဖြန့်ချီသော “Cool Running 101” လျှပ်စစ် မော်တော်ယာဉ်စီမံကိန်းကို ရွှေလီမြို့တွင်း၊ ခရီးသွားဇုန်နေရာများ၊ ၀မ်တင်းဒေသများတွင် ကနဦး အဖြစ် အစီးရေ (၅၀ မှ ၁၀၀) ထိ ဖြန့်ချီသွားမည်ဖြစ်ပြီး အချိန်သတ် မှတ် ငှားရမ်းခြင်းစနစ်ကို အသုံးပြုကာ ဖုန်း App ဖြင့် ကားငှားရမ်းခြင်း၊ ကား ထုတ်ယူခြင်း၊ ကားလဲ လှယ်ခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

  ဤလျှပ်စစ်မော်တော်ယာဉ်ကို ကားတံခါး(၂)ပေါက်ရှိ နှစ်ယောက် ထိုင်မော်တော်ယာဉ်နှင့် တံခါး(၂)ပေါက်ရှိ လေး ယောက်ထိုင်မော်တော် ယာဉ်ဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီး (၁)နာရီလျှင် အမြန်ဆုံးနှုန်း (၁၀၀) ကီလိုမီတာမောင်းနိုင်မည်ဖြစ်ပြီး အလိုအလျောက် အရှိန်ပြောင်း လဲပေး နိုင်သော ကိရိယာတပ်ဆင်ထားရှိကာ အကြီးဆုံးမိုင်အကွာအဝေး (၁၅၀)ကီလိုမီတာနှင့် အထက် မောင်းနှင်နိုင်မည် ဖြစ်ပါသည်။ ယခုထုတ်လုပ်လိုက်သော မော်တော်ယာဉ်အမျိုးအစားမှာ အသေး စား မီနီကား အရွယ် အစားဖြစ်သော်လည်း ကားအတွင်းပိုင်း ကျယ် ၀န်းပြီး၊ မောင်းနှင်ရကောင်း မွန်ခြင်း၊ ထိန်းချုပ်ရလွယ်ကူကာ ဘက်ထရီဆိုင်ကယ် သကဲ့သို့ပ်င မာင်းနှင်ရာတွင် ပေါ့ပါးပြီး ကားရပ်ရာတွင်လည်း အဆင်ပြေသောယာဉ် အမျိုးအစားဖြစ်ကြောင်း သိရပါသည်။

  (တရုတ်ကူမင်းနေ့စဉ်သတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။)

新闻推荐