Myanmar မှာ ဝက်ဆိုက်
တရုတ်နိုင်ငံယူနန်ပြည်နယ်၌ ပြည်ပခရီးသွားဧည့်များ ပြန်လည်ထွက်ခွာရာတွင် ၀ယ်ယူအခွန်ငွေပြန်အမ်းပေးခြင်း Departure Tax Refund စနစ် အကောင်အထည်ဖော်


 

  ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ယူနန်ပြည်နယ်သည် ဆိပ်ကမ်းဂိတ်များတွင် စမ်းသပ်မှုပုံစံဖြင့် ပြည်ပခရီးသွားဧည့်သည်များ ပြန်လည်ထွက်ခွာရာတွင် ၀ယ်ယူထားသောပစ္စည်းများအတွက် အခွန် ငွေပြန် အမ်းပေးခြင်း Departure Tax Refund မူဝါဒကို တရားဝင်အကောင် အထည်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ အခွန်ငွေပြန်အမ်းပစ္စည်းများ၏ ပြန်အမ်းအခွန်ငွေအချိုးမှာ ၁၁ % ဖြစ်ပြီး စာရွက်စာတမ်း အခ ငွေ ၃%ကို နှုတ်ပယ်ပြီးနောက် ပြည်ပခရီးသွားဧည့်သည်များသည် ၀ယ်ယူထားသောပစ္စည်းများအတွက် ငွေရှင်းအရောင်းပြေစာပေါ်မှငွေပမာဏ ၈% ကို အခွန်ငွေပြန်အမ်းပေးရန် လျှောက်ထားနိုင်ကြောင်း သိရပါသည်။

 

  အခွန်ငွေပြန်အမ်းရယူခြင်းဆောင်ရွက်ချက်များမှာ ပြည်ပခရီးသွားဧည့်သည်များသည် အခွန်ငွေပြန် အမ်းပေးသည့်စတိုးဆိုင်ကုန်တိုက်များတွင် အခွန်ငွေပြန်အမ်းပစ္စည်းကို ၀ယ်ယူပြီးနောက် ထိုအခွန်ငွေပြန် အမ်းစတိုးဆိုင်ကုန်တိုက်များထံမှ အခွန် ငွေပြန်အမ်းလျှောက်လွှာနှင့် ငွေရှင်းအရောင်းပြေစာကို တောင်း ယူရမည်ဖြစ်သည်။ ထို့နောက် ပြည်ပ ပြန်လည်ထွက်ခွာ ဆိပ်ကမ်းဂိတ် ထွက်ခွာစဉ် ပြည်ပ ခရီးသွား ဧည့်သည်များသည် အခွန်ပြန်အမ်း ပစ္စည်း၊ ထွက်ခွာအခွန်ပြန်အမ်း လျှောက်လွှာစာရွက်၊ ငွေရှင်းအရောင်း ပြေစာနှင့်အတူ အကောက်ခွန်ဌာနတွင် တင်ပြအတည်ပြုစစ်ဆေးပြီး ပြည်ပခရီးသွားဧည့်သည်၏ နိုင်ငံကူး လက်မှတ်စသည့် သက်တမ်းရှိ အထောက်အထားများ၊ အကောက်ခွန်ဌာန စစ်ဆေးအတည်ပြုလက် မှတ် တံဆိပ်ပါ ထွက်ခွာအခွန်ပြန်အမ်းလျှောက်လွှာ၊အခွန်ပြန်အမ်းပစ္စည်း အရောင်းပြေစာများကို အခွန်ပြန်အမ်း သည့်ဌာနတွင် တန်ဖိုးမြင့်အခွန် VATအခွန်ပြန်အမ်းငွေကို လျှောက်ထားနိုင်ကြောင်း သိရပါသည်။

  လက်ရှိတွင် ယူနန်ကူမင်းချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လီကျန်းဆန်းရိ အပြည်ပြည် ဆိုင်ရာ လေဆိပ်စသည့်လေဆိပ်နှစ်ခု၌ လေဆိပ်ဆိပ်ကမ်း စမ်းသပ်ဂိတ်စခန်းအဖြစ် ပြန်လည် ထွက်ခွာ အခွန် ငွေပြန်အမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေပြီး အဆိုပါလုပ်ငန်းကို (၂၄) နာရီ ၀န်ဆောင်မှု ပေးနေ ကြောင်းသိရသည်။ ယူနန်ပြည်နယ်၏ ပထမဦးဆုံး အခွန်ငွေပြန်အမ်း စတိုးဆိုင် ကုန်တိုက်များအဖြစ် ကူမင်းကုန်တိုက်၊ ယူနန်ကျင်းမေကုန်တိုက်စသည့်ကုန်တိုက် (၂၅) ခုကို သတ်မှတ်ဆောင်ရွက်ပေးထား ကြောင်းသိရသည်။ နောက်ပိုင်းတွင် တဖြည်းဖြည်းဖြင့် နယ်ပယ် အတိုင်းအတာများ ချဲ့ထွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။

  ( Hexun ကွန်ယက်မှ ကောက်နှုတ်ဖော်ပြသည်)

新闻推荐