ပထမအကြိမ် ကမ္ဘာ့ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အစည်းအဝေးပွဲကာလတွင် တရုတ်နိုင်ငံတော် ခရီးသွားလာရေးဌာန မှ ထုတ်ပြန်ခဲ့သော ' ၂၀၁၆ခုနှစ် တရုတ်နိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုး တက် မှုအစီရင်ခံစာ' (အတိုကောက် အားဖြင့် အစီရင်ခံစာဟု ခေါ်ဆိုမည်) ဖော်ပြချက်အရ စီးပွားရေးကျဆင်းမှုဖိအားများ မည်မျှပင်ရှိနေသော်လည်း လက်ရှိ အချိန်ကာလအထိ တရုတ်နိုင်ငံ ၏ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှု အချိန်ကောင်းများပင်ဖြစ်ပြီး ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး၏ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ တရုတ်ယွမ်ငွေ (၁၀၇၂) ဘီလီယံရရှိခဲ့ကြောင်း သိရပါ သည်။ ၂၀၁၆ ခုနှစ် တစ်နိုင်ငံလုံး ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုသည် တည်ငြိမ်စွာဖြင့် တိုးတက်မှု အရှိန်နှုန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်မည့်အနေအထားတွင်ရှိပြီး တစ်နှစ်ပတ်လုံး ခရီးသွား လုပ်ငန်းမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ တရုတ် ယွမ်ငွေ (၁၂၅၀)ဘီလီယံထိ ရောက်ရှိနိုင်လိမ့် မည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။
အစီရင်ခံစာအရ လက်ရှိခရီးသွားလုပ်ငန်းဈေးကွက်အခြေအနေ အားကောင်းနေကြောင်း သိရ သည်။ ပဏာမ တွက်ချက်မှုအရ ၂၀၁၅ ခုနှစ် တရုတ်ပြည်တွင်းခရီးသွားဦးရေ (၄)ဘီလီယံအထိ ရှိပြီး ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ်ငွေ (၃၄၂၀) ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။ တစ်နှစ်ပတ်လုံး ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုဦးရေ မှာ (၁၃၃) သန်းရှိပြီး နိုင်ငံတကာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၁၃.၆၅) ဘီလီယံ ရရှိခဲ့ပြီး တရုတ်နိုင်ငံသား ပြည်ပခရီးစဉ် သွားရောက်လည်ပတ်သူဦးရေ (၁၂၀ ) သန်းရှိခဲ့ကြောင်း သိရပါသည်။
ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်း၌ အားကောင်းနေသည်သာမက လက်ရှိ တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းများသည် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့် ပိုင် ဆိုင် မှု များ ဝယ်ယူခြင်း၊ ရှယ်ယာငွေကြေး ရင်း နှီးမြှုပ်နှံခြင်း ၊ လုပ်ငန်းတိုးချဲ့ခြင်းစသည့် ပဏာမ ခြေလှမ်းများဖြင့် စတင်နေပြီဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှုနေရာသစ်ကို ကမ္ဘာလုံး ဆိုင်ရာစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍများအဖြစ် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရပါသည်။
(Economic Information Daily မှ ကောက်နှုတ်ဖော်ပြသည်)