မကြာမီရက်ပိုင်းက တရုတ်နှင့်အမေရိကန်နိုင်ငံ ပြည်သူများ၏ အင်တာနက်လိုင်းပေါ်တွင် နတ်ဆေးတစ်မျိုးကလွှမ်းခြုံထားသည်၊ ၄င်းမှာ မားရင်းလုံလိပ်ခေါင်းလိမ်းဆေးပင်ဖြစ်သည်။ ၄င်း ဆေးသည် amazon အွန်လိုင်းပေါ်ရှိ အမေရိကန်အင်တာနက်အသုံးပြုသူတစ်ထောင်ကျော်၏ ပြန်လည်ဆန်းစစ်ချက်ကောင်းများဖြင့် အမေရိကန်နိုင်ငံတွင် နာမည်ကြီးလာခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်လည်ဆန်းစစ်ချက်အရေအတွက်မှာ “တရုတ်နိုင်ငံ၏လူသုံးကုန်ပစ္စည်း” ဖြစ်သော လောင်ကန်း မားစားစရာထက် ကျော်လွန်သွားပြီဖြစ်ကြောင်း သိရပါသည်။
မားရင်းလုံလိပ်ခေါင်းလိမ်းဆေး။
Family Medicine မဂ္ဂဇင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် မားရင်းလုံလိမ်းဆေးသည် တရုတ် နိုင်ငံတွင် ဒဏ္ဍာရီနတ်ဆေးသဖွယ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ၄င်းဆေးတွင် Borneol၊ Calamine၊ လူလုပ်Bezoar၊ Borax၊ လူလုပ် ကတိုး၊ ပုလဲ၊ ပယင်းစသည်အာနိသင်များ ပါဝင်ပြီး အပူကျ အဆိပ်ပြေခြင်း၊ မကောင်းသောအရေပြားများကွာကျပြီး အသစ်ပြန်ဖြစ်စေခြင်းအကျိုး အာနိသင်ရှိကြောင်း သိရသည်။ အဓိကအား ဖြင့် လိပ်ခေါင်းရောင်ရမ်းခြင်း၊ စအိုတွင်းနာကျင်မှုများ တွင် အသုံးပြုကြသည်။ နှစ်တော်တော်ကြာကုသခံယူမှုဖြင့် တွေ့ရှိရသည်မှာ ၄င်းဆေးသည် လိပ်ခေါင်း၊ စအိုတွင်းနာကျင်မှုနှင့် နှင်းခူရောဂါ ကိုကုသနိုင်သည့်အပြင် အောက်ပါရောဂါများကို လည်းကုသနိုင်ကြောင်း သိရပါသည်။
၁။ နှုတ်ခမ်းအပူဖုကိုလျင်မြန်စွာသက်သာပျောက်ကင်းစေသည်။၂။ နေလောင်ဒဏ် (နေရောင် ကြောင့် အရေပြားရောင်ရမ်းခြင်း)ကို ပျောက်ကင်းသက်သာစေသည်၊ နေလောင်ခြင်းကြောင့် အ ရေပြားနီရဲခြင်း၊ ယားယံခြင်း၊ ပူလောင် နာကျင်ခြင်းများ ခံစားရပြီး ဆိုးရွားပါက ရေကြည်ဖုများ ပေါက်လာတတ်သည်။ ၄င်းလိမ်းဆေးကို လိမ်းထားပါက အေးမြခြင်းကို ခံစားရပြီး နာကျင်ယားယံ မှုကို သက်သာစေပါသည်။ နေ့စဉ် (၁)-(၂)ကြိမ်လိမ်းပေးပါ၊ လိမ်းပြီး (၂)ရက်အကြာတွင် ရောဂါ များ သက်သာပျောက်ကင်းစေမည်ဖြစ်ကြောင်း သိရပါသည်။
ထို့အပြင် တရုတ်ပရုတ်ဆီ၊ ရာပန်းဆီ၊ ဟော့ရှန်ကျိန်ချိဆေးများသည် နိုင်ငံရပ်ခြားတွင် ရောင်းအားကောင်းသော ဆေးများဖြစ်သည်။ အာရှအလယ်ပိုင်းဒေသအချို့နှင့် အာဖရိကတိုက် များက နိုင်ငံခြားသားများသည် တရုတ်နိုင်ငံသို့ လာရောက်ပြီးနောက် တရုတ်ရာပန်းဆီများ ကို နှစ်သက်သဘောကျလုယက်ဝယ်ယူမှုသည် တရုတ်နိုင်ငံသားများ ပြည်ပသို့သွားရောက်ကာ LV တံဆိပ်ဝယ်ယူသည့် ပုံစံအတိုင်းပင် ဖြစ်သည်။ ဟော့ရှန်ကျိန်ချိဆေးသည် တရုတ်နိုင်ငံသားများ နွေရာသီတွင် မရှိမဖြစ်ဆောင်ကြသော ဆေးကောင်းတစ်လက်ဖြစ်ရုံသာမက နိုင်ငံရပ်ခြားတွင် လည်း အလားတူရေပန်းစားသော ဆေးကောင်းတစ်လက်ဖြစ်ကြောင်း သိရပါသည်။
(ကျန်းမာရေးနေ့စဉ်သတင်းစာမှ ကောက်နုတ်ဖော်ပြသည်။)