မကြာသေးမီရက်ပိုင်းက ၂၀၁၆ခုနစ် တရုတ်တန့်ဆန်သစ်တော်ပန်းပွဲတော်ကို တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် တန့်ဆန်ခရိုင်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ တန့်ဆန်ခရိုင်သည် တရုတ် နိုင်ငံ၏ သစ်သီးအထွက်နှုန်းအကောင်းဆုံးခရိုင်(၁၀)ခုထဲမှ တစ်ခုဖြစ်ပြီး သစ်သီးစိုက်ခင်း ဧရိယာအကျယ်မိုပေါင်း(၁၀)သိန်းနီးပါးခန့်ရှိကာ ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းဌာနချုပ်၏ “ကမ္ဘာ့ အကြီး ဆုံး တဆက်တည်းသစ်သီးခြံ”အဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။ အဆိုပါ စိုက်ခင်းမှ တစ်နှစ်လျှင် သစ်သီးအမျိုးစုံ သန်း(၁၅၀)ကီလိုဂရမ် ထွက်ရှိပြီး ၄င်းတို့ထဲမှ သစ်တော်သီးအထွက် နှုန်းသည် တစ်နိုင်ငံလုံးသစ်တော်သီး အထွက်နှုန်း၏ ၁/၈ ရှိကြောင်း သိရပါသည်။ ၂၀၀၈ခုနှစ်က စတင်ခဲ့သော တရုတ်နိုင်ငံ တန့်ဆန်သစ်တော်ပန်းခရီးသွားလာရေးနှင့် ပထမအကြိမ် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုပွဲတော်သည် ယနေ့အထိ ကျင်းပလျက်ရှိကာ သစ်သီးဝလံပန်းမံများ လာ ရောက်ရှုစားရင်း သစ်တော်သီးများ ဆွတ်ခူးကြသည့် ခရီးသွားဦးရေမှာ အစပိုင်းတွင် ၃သောင်း ပင် မပြည့်သည့်အခြေအနေမှ ယနေ့ခေတ်ကာလတွင် (၁၀)သိန်းကျော်ထိ တိုးပွားလာခဲ့ကြောင်း သိ ရပါသည်။ တန့်ဆန်ခရိုင်သည် တစ်နှစ် ခရီးသွားလုပ်ငန်းဝင်ငွေ ယွမ်သန်း (၂၀၀)ကျော် ရရှိ အောင် လုပ်ဆောင်နိုင်ခဲ့ပြီး “ အန်းဟွေးပြည်နယ်မြောက်ပိုင်းဒေသ၏ အကောင်းဆုံး သဘာဝခရီးသွားလာ ရေးဒေသ”တစ်ခုဖြစ်လာခဲ့ပါသည်။ စိုက်ပျိုးရေးနှင့်ခရီးသွားလုပ်ငန်းနှစ်ခု ပေါင်းစပ်မှုသည် ဒေသန္တရ စီးပွားရေးကို တစ်ဟုန်ထိုး တိုးတက်စေခဲ့ကြောင်း သိရပါသည်။
(စိုက်ပျိုးရေးနေ့စဉ်သတင်းစာမှ ကောက်နုတ်ဖော်ပြသည်။)