တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လင်ချန်းမြို့သည် မြန်မာနိုင်ငံနှင့်ထိစပ်လျက်ရှိသော နယ်စပ်မြို့ တစ်မြို့ဖြစ်သည်။ ဇွန်လ ၁၇ ရက်နေ့က လင်ချန်းမြို့ ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲတွင် လင်ချန်းမြို့သည် တရုတ်မြန်မာခရီးသွားလာရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်စပ်ဖြတ်ကျော်ခရီးစဉ်လမ်းကြောင်းသုံးကြောင်းကို တရားဝင် ဖွင့်လှစ်ခဲ့ပြီး ခရီးသွား ဧည့်သည် များသည် ခရီးသွားကုမ္ပဏီများအေဂျင်စီများနှင့် ချိတ်ဆက်၍ နယ်စပ်ဖြတ်ကျော် ခရီးစဉ်များတွင် လည်ပတ်ပါဝင်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ယခုအကြိမ် ဖွင့်လှစ်သည့် ခရီးစဉ်များသည် လမ်းကြောင်းများမှာ တရုတ်နိုင်ငံ ချင်းရွှေဟော် -- မြန်မာ နိုင်ငံ ချင်းရွှေဟော် -- ကိုးကန့် -- ကွမ်းလုံ -- လားရှိုးအထိ သုံးရက်တာခရီးစဉ်၊ တရုတ် နိုင်ငံ ချင်းရွှေဟော် - မြန်မာနိုင်ငံ ချင်းရွှေဟော် -- ကိုးကန့် -- ကွမ်းလုံအထိ တစ်ရက်တာခရီးစဉ်၊ တရုတ် နိုင်ငံ နမ့်ဆန် -- မြန်မာနိုင်ငံ ကိုးကန့်အထိ တစ်ရက်တာခရီးစဉ် စသည့်နယ်စပ်ခရီး သွားလာရေး အလည်အပတ်ခရီးစဉ် သုံးကြောင်း ဖြစ်ကြောင်း သိရှိရသည်။
ထပ်တဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လင်ချန်းနယ်စပ်ခရီးသွားစမ်းသပ်ရေးဇုန်နှင့် နယ်စပ် ဖြတ်ကျော် ခရီးသွားပူးပေါင်း ဆောင်ရွက်ရေးဇုန် တည်ဆောက်ခြင်းနှင့်အတူ လင်ချန်းမြို့သည် ခရီးသွားလမ်းကြောင်း ပိုမိုလွယ်ကူစေရန်အတွက် နှစ်နိုင်ငံ ခရီးသွားအရင်းအမြစ်ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦး တည် ဆောက်ခြင်း၊ ထုတ်ကုန် ပစ္စည်း လမ်းကြောင်းတိုးမြှင့်ခြင်းနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအား ပူးပေါင်းဆောင်ရွက်မှု သင်တန်းပေးခြင်း၊ ခရီးသွားများအတွက် ဘေးကင်းလုံခြုံမှုအာမခံပေးခြင်း၊ ခရီးသွားလုပ်ငန်း တွေ့ ဆုံ ဆွေးနွေးပွဲယန္တရားစနစ်များထူထောင်ခြင်း စသည့်ကဏ္ဍများကို ပူးပေါင်းတိုးမြှင့်ဆောင်ရွက်ခြင်း နှင့်ဖလှယ်ခြင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကို အတူတကွတိုးမြှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။
(Dagong ကွန်ယက်မှ ကောက်နှုတ်ဖော်ပြသည်)