တောင်ကိုရီးယားခရီးသွားလာရေးဌာနသည် ယမန်နှစ် နိုဝင်ဘာလမှစ၍ တရုတ်နိုင်ငံ ဒေသ၏ ကိုယ်စားလှယ်များကို ကုန်ပစ္စည်းများ ရှာဖွေပြုလုပ်၍ တရုတ်ခရီးသွားများ စိတ်ကျေနပ်မှု ပိုမိုရရှိ စေရန် ဆောင်ရွက်လျက်ရှိပြီး အားကစားနှင့်ယဉ်ကျေးမှု လေ့လာရေးဌာန၊ ဒေသဆိုင်ရာ အစိုးရနှင့် ခရီးသွား လာရေးအေဂျင်စီတို့ ပူးပေါင်း၍ အကြောင်းအရာအသစ် (၃၀၀)ကျော် ဖန်တီးပြုလုပ် ထားကာ တရုတ်နိုင်ငံအခြေစိုက် တောင်ကိုရီးယားခရီးသွားလာရေးဌာနမှ လုပ်ငန်းစဉ် အစည်းအ ဝေး ပြုလုပ်ပြီးနောက် တီထွင်ဖန်တီးမှု၊ စိတ်ချယုံကြည်မှု၊ လူအများကျေနပ်နှစ်သက်မှုစသည့် စံချိန်စံညွှန်းတို့နှင့်အညီ ဆန်ကာတင် ထုတ်ကုန် (၈၈)မျိုးကို ရွေးချယ်ထားခဲ့ကြောင်း သိရှိရ ပါသည်။
ယခုတစ်ကြိမ်ရွေးချယ်ထားသော ထုတ်ကုန်များကို အဓိကအားဖြင့် ယခုနှစ်အတွင်း တရုတ် နိုင်ငံ တွင် ရေပန်းစားသော Decescendants of the Sun ဒရမ်မာစီးရီး ရိုက်ကွင်းနေရာ၊ K-pop အစီအစဉ်များ ရိုက်ကူးရာနေရာ စသည့် တောင်ကိုရီးယားရှိထင်ရှားကျော်ကြားသောနေရာများ၊ အာရှ ဘောလုံးကလပ် ချန်ပီယံလိဂ်နှင့် ၂၀၁၈ခုနှစ် ရုရှားကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ စသည့် ဘောလုံး ပွဲများ၊ ဂေါက်သီးရိုက်ခြင်း၊ အပျော်စီးလှေစီးခြင်း၊ မြင်းစီးခြင်း၊ နှင်းလျောစီးခြင်း စသည့် အပန်းဖြေ အားကစားများနှင့် တရုတ်အမျိုးသမီးငယ်လေးများစိတ်ဝင်စားသော အလှအပရေးရာ အတွေ့အကြုံ စသည့် ခေါင်းစဉ်စုစုပေါင်း(၂၅)ခုဖြင့် တောင်ကိုရီးယားခရီးသွားလာရေး လုပ်ငန်းအ တွက် စီမံကိန်း ရေးဆွဲထားကြောင်း သိရပါသည်။
ယခုအကြိမ်ရွေးချယ်ထားသော အဓိကခရီးသွားထုတ်ကုန်များကို အင်တာနက်စာ မျက်နှာတွင် သာမက အခြားနည်းလမ်းမျိုးစုံဖြင့်လည်း အများပြည်သူများကို အသိပေးကြော်ငြာထားသည့်အပြင် ဈေးကွက် လေ့လာစိစစ်၍ စွဲဆောင်မှုမရှိသော ခရီးသွားထုတ်ကုန်များကို ပယ်ဖျက်ကာ အကောင်း မွန်ဆုံးဖြစ်စေရန် စီမံထားကြောင်း၊ တရုတ်ခရီးသွားဧည်သည်များ စိတ်ကျေနပ်မှု အပြည့်အ၀ရရှိစေ ရန် ဆက်လက် ရှာဖွေလေ့လာ၍ သာလွန်ကောင်းမွန်သော တီထွင်မှုများဖြင့် ဆက်လက် လုပ်ဆောင် သွားမည်ဖြစ် ကြောင်း တောင်ကိုရီးယားခရီးသွားလာရေးဌာန တရုတ်နိုင်ငံ တာဝန်ခံကိုယ်စားလှယ် ရွှီရင်းကျုံမှ ပြောကြားခဲ့ကြောင်း သိရပါသည်။
(တရုတ်စီးပွားရေးသတင်းကွန်ယက်မှ ကော်နုတ်ဖော်ပြသည်။)