Myanmar မှာ ဝက်ဆိုက်
ကူမင်းမြို့၌ (၇၂)နာရီ အခမဲ့ဖြတ်သန်းဗီဇာဝင်ရောက်နိုင်ပြီဖြစ်

  ၂၀၁၄ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့က ကူမင်းလေယာဉ်ဆိပ်၌ (၇၂)နာရီအတွင်း အခမဲ့ ဖြတ်သန်းဗီဇာ(Visa-Free Transit)ပေါ်လစီကို တရားဝင်အကောင်အထည်ဖော် ကျင့်သုံးခဲ့ပြီ နိုင်ငံ ပေါင်း(၅၁)နိုင်ငံမှခရီးသွားဧည်သည်များသည် (၇၂)နာရီ ဖြတ်သန်းဗီဇာအခမဲ့စနစ် လျှောက်ထား ပြီး ကူမင်းမြို့သို့ ၀င်ရောက် လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

  ပြည်ပနိုင်ငံသား အခမဲ့ဖြတ်သန်းဗီဇာ(Visa-Free Transit)ပေါ်လစီဆိုသည်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အကောင်အထည်ဖော်ဆောင်နေသည့် အခမဲ့ဗီဇာစနစ်များထဲမှ အကြောင်းအရာ တစ်ခု ဖြစ်ပါသည်။ ပြည်ပနိုင်ငံသားများသည် ဖြတ်သန်းသွားလာမည့် နိုင်ငံ၏ နိုင်ငံကူးဥပဒေနှင့် စည်းမျဉ်း သတ်မှတ်ချက်များအရ နိုင်ငံတစ်ခုမှ အခြားတတိယနိုင်ငံသို့ သွားရောက်သည့်အခါ နိုင်ငံကူးဖြတ်သန်း ဗီဇာလျှောက်ထားစရာမလိုဘဲ နိုင်ငံကူးဖြတ်သန်းနိုင်မည်ဖြစ်ပြီး ထိုနိုင်ငံအတွင်း ၌ ခေတ္တ ခဏလည်ပတ်နေထိုင်ခွင့် ပေါ်လစီကို ဆိုလိုခြင်း ဖြစ်ပါသည်။

  ဂရုပြုရမည့်အချက်မှာ အခမဲ့ဖြတ်သန်းဗီဇာလျှောက်ထားသူများသည် နိုင်ငံတွင်းသို့ အဆင် ပြေစွာ ၀င်ရောက်ပြီးသောအခါ သတ်မှတ်ထားသည့်အတိုင်း ၂၄နာရီအတွင်း နေထိုင်ခွင့် မှတ်ပုံတင် လုပ်ဆောင်ရမည်ဖြစ်သည်။ (သို့မဟုတ်) နေထိုင်သည့် နေရပ်ဒေသရှိ ရဲတပ်ဖွဲ့ဌာနတွင် နေထိုင် ခွင့် မှတ်ပုံတင်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်သည်။ အခမဲ့ဖြတ်သန်းဗီဇာကိုင်ဆောင်သူသည် ကူမင်းမြို့၌ ရောက်ရှိနေထိုင်ချိန် (၇၂)နာရီထက်မကျော်လွန်ရပါ ကူမင်မြို့ နှင့် ကူမင်းအုပ်ချုပ်ရေး နယ်မြေသတ်မှတ်ဧရိယာအတွင်းသာ သွားလာရမည်ဖြစ်သည်။အကယ်၍(၇၂)နာရီထက် ကျော် လွန်ခြင်း သို့မဟုတ် ဗီဇာမလျှောက်ထားပဲ ကူမင်မြို့ နှင့် ကူမင်းအုပ်ချုပ်ရေးနယ်မြေဧရိယာ ပြင်ပ တွင် နေထိုင်ခြင်း (သို့ မဟုတ်) သတ်မှတ်ထားသော ဆိပ်ကမ်းဂိတ်မှတစ်ဆင့် ပြည်ပထွက်ခွာခြင်း မပြုလုပ်ပါကပြည်ဝင်ခွင့်ဗီဇာချိုးဖောက်ခြင်း၊တရားမ၀င်နေထိုင်ခြင်း ဥပဒေဖောက်ဖျက်မှုဖြင့် အရေး ယူသွားမည်ဖြစ်ကြောင်း သိရသည်။

  (ကူမင်းကွန်ယက်မှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐