Myanmar မှာ ဝက်ဆိုက်
၂၀၁၆ခုနှစ် ပထမနှစ်ဝက် တရုတ်နိုင်ငံခရီးသွားလုပ်ငန်းဝင်ငွေ(၂၂၅၀)ဘီလီယံရရှိပြီး ၁၂.၄%တိုးမြင့်နေ

  တရုတ်နိုင်ငံခရီးသွားလာရေးဦးစီးဌာနမှ ယခုတစ်လောတွင် ဖော်ပြခဲ့သော ၂၀၁၆ခုနှစ် ပထမ နှစ်ဝက် ခရီးသွားစာရင်းပြုစုမှုထုတ်ပြန်ချက်အရ၊ ၂၀၁၆ခုနှစ်၊ ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ ခရီးသွားဈေးကွက်ပုံစံသည် ပုံမှန်ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ အကြီးစားစီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ထိုအနက် ပြည်တွင်းခရီးသွားလာမှု လူဦးရေမှာ (၂၂၃၆)သန်းရှိပြီး ယခင်နှစ်ကာလတူထက်၁၀.၄၇%တိုးများလာပြီး ပြည်ဝင်ပြည်ထွက် ခရီးသွား လာသူစုစုပေါင်း (၁၂၇)သန်းရှိကာ ၄.၁%တိုးများလာခဲ့သည်။ ပထမနှစ်ဝက်တွင် ခရီးသွားလုပ်ငန်း ၀င်ငွေမှာ တရုတ်ယွမ်ငွေ (၂၂၅၀)ဘီလီယံသို့ ရောက်ရှိခဲ့ပြီး၊ ၁၂.၄%တိုးများလာကြောင်း သိရ ပါသည်။ တရုတ်နိုင်ငံသားများ ပြည်ပခရီးသွားလာမှု လူဦးရေမှာ (၅၉.၀၃)သန်းခန့်ရှိရာ ယခင်နှစ် ကာလတူထက်(၄.၃%)တိုးမြင့်လာကြောင်း သိရပါသည်။

  အစီရင်ခံစာများကို ဆန်းစစ်လေ့လာချက်အရ၊ ဒုတိယနှစ်ဝက်ခရီးသွားလာရေးမှာ အကြီးစား စီးပွားရေးအဖြစ် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ပြည်တွင်းခရီးသွားလာမှုတွင် နှစ်စဉ် ကိန်းဂဏန်းနှစ်နေရာတိုးမြှင့်မှုကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်သည့်အပြင် ပြည်ပခရီးသွား ၀င်ရောက်နှုန်းကို ၄%အထိ တိုးများသွားရန် မျှော်လင့်ထားပြီး ပြည်ပခရီးသွားလာမှု တိုးမြှင့်နှုန်းမှာ ၄%၀န်းကျင်တွင် ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ တရုတ်ပြည်သူ့ကွန်ယက်မှကောက်နုတ်ဖော်ပြသည်။

  (တရုတ်ပြည်သူ့သတင်းစာကွန်ယက်မှကောက်နုတ်ဖော်ပြသည်။)

新闻推荐