အားလုံးပဲ ခရမ်းချဉ်သီးကို စားဖူးကြပါလိမ့်မည်။ သို့သော် ခရမ်းချဉ်းသီးပင်တစ်ပင်တည်းတွင် ကိုင်းများ ဖြာထွက်ကာ အသီးအပွင့်များ များပြားစွာ သီးနေသည်ကို မြင်ဖူးကြလိမ့်မည်မဟုတ်ပါ။
ခရမ်းချဉ်သီးပင်ကြီးက သစ်ပင်ကြီးတစ်ပင်လိုပါဘဲလား။ ဤမျှလောက် ကြီးမားလှသည့် ခရမ်း ချဉ်သီးပင်ကြီးကိုမူ တွေ့မြင်ဖူးကြလိမ့်မည်ဟုမထင်ပါ။ တစ်ပင်လုံး ဝေေ၀ဆာဆာ သီးနေသော ခရမ်း ချဉ်သီးများမှာ အလွန်အံဖွယ်ကောင်းလှပါသည်။ တကယ်တော့ မထူးဆန်းပါ ခရမ်းချဉ်သီးပင် တစ်ပင်သာဖြစ်သည်။ ၎င်းအပင်ကို “ရေဘ၀ဲခရမ်းချဉ်သီး” ဟုလည်းခေါ်ကြသည်။ နှစ်ရှည်လများ ခရမ်းချဉ်သီးသောအပင်၊ တစ်ဆယ့်နှစ်ရာသီ အမြဲစိမ်းအပင်ငယ် အမျိုးအစားဖြစ်သည်။ ထိုခရမ်း ချဉ်သီးပင်မျိုးသည် ခရမ်းချဉ်သီးအသေးအများဆုံး (၃၂၀၀၀)လုံး၊ အနည်းဆုံး (၁၇၀၀၀)ကျော် သီးနိုင်ပြီး အလေးချိန်အားဖြင့် ကီလို ငါးရာကျော်ခန့်ရှိသည်။ သစ်ပင်အရွယ်အစားမှာ စတုရန်း စင်တီမီတာ လေးငါးဆယ်နီးပါး ရှိသည်။ ခရမ်းချဉ်းသီးပင် အရွယ်ရောက်အပင်သည် သာမန် အားဖြင့် ၁.၅၀မီတာမှ ၃မီတာထိမြင့်ပြီး အကန့်အသတ်မရှိဆက်လက်ကြီးထွားနိုင်သော အပင် အမျိုးအစားဖြစ်သည်။ စတင်စိုက်ပျိုးသည့်နှစ်တွင်ပင် အသီးထွက်သည်။ တစ်ကြိမ်စိုက်ပျိုးလျှင် နှစ် ၂၀ ဆက်တိုက် အသီးခူးဆွတ်စားသုံးနိုင် သည်။ လက်ရှိ ဂရင်းနှစ်စံချိန်ချိုးထားသော ခရမ်းချဉ်သီး ပင်နှစ်ပင် အား Epcot မြို့ရှိပြတိုက် တွင်ပြသထားသည်။ တစ်ပင်မှာ - ခရမ်းချဉ်သီး အလုံး (၃၂၀၀၀)ရှိသော အလွန်ကြီးမားသည့် အပင်ကြီးဖြစ်သည်။ အလေးချိန်စုစုပေါင်း (၅၂၂) ကီလို ရှိသည်။ နောက်တစ်ပင်မှာ - သစ်ပင်၏ ထောင့်မှန်စတုဂံပုံသဏ္ဍာန်ပွင့်ချပ်အုံ အား အလွန်ကြီးမား သောစဉ်ပေါ်တွင်ပြသထားပြီး အရွယ်အစားမှာ ၄၀-၅၀ စတုရန်းမီတာရှိသည်။
ထိုခရမ်းချဉ်သီးပင်မှသီးသောအသီးသည် လုံးဝိုင်းသောသဏ္ဍာန်ရှိပြီး အသီးအရောင်မှာ အနီ ရင့် ရောင်ဖြစ်သည်။ အသီးတွင် အက်ကွဲရာမရှိ၊ အသားထူပြီးအခွံပါးသည်။ အသီးတစ်လုံး ၏ ပျမ်းမျှအလေးချိန် မှာ ၁၅၀ ဂရမ်ဝန်းကျင်ရှိသည်။ ၎င်းအပင်ကို ခရမ်းချဉ်သီးဟု ခေါ်သည်။ အပင် တစ်ပင်၏ထိပ်ပိုင်းမျက်နှာပြင်သည် ၄၀ မှ ၅၀စတုရန်းမီတာရှိပြီး အပင်ပေါ်တွင် အနီ အစိမ်း ရောင်အသီးများချိတ်ဆွဲထားသည်။ ခရမ်းချဉ်သီးပင်သည် အပင်မာရုက္ခပင်မျိုးဖြစ်သည်။ ကြီးထွား စဉ်ကာလတလျှောက်လုံးဒေါက်ဖြင့် ထောက်ရန်မလိုပါ။ နှစ်စဉ်ပျိုးပင်ပျိုးထောင်ခြင်း၊ ရွေ့ပြောင်း စိုက်ပျိုးခြင်းတို့ပြုလုပ်ရန်မလိုပဲ ဆောင်းရာသီတွင် အပိုထွက်နေသောသစ်ကိုင်းများအား ညှပ်ပစ် ရန်သာ လိုအပ်ပါသည်။ ရှင်သန်လွယ်ပြီး အချိန်ကုန်သက်သာကြောင်း သိရသည်။
(တရုတ်စိုက်ပျိုးရေးသတင်းကွန်ယက်မှ ကောက်နုတ်ဖော်ပြသည်။)