ယခုနှစ် ရီယိုအိုလံပစ်ပြိုင်ပွဲ၌ ပျံငါးဟုတင်စားခေါ်ဝေါ်သည့် အမေရိကန်နိုင်ငံမှ ရေကူးချန်ပီယံ Michael Phelps ၏ခန္ဓာကိုယ်တွင် Cupping ခွက်စုပ်ကုထုံးရာများဖြင့် ပွဲထွက်ပြီးနောက် တရုတ်နိုင်ငံ၏ တိုင်းရင်းဆေးပညာ Cupping ခွက်စုပ်ကုထုံးသည် ထင်ပေါ် ကျော်ကြားလာခဲ့ပြီး တရုတ်တိုင်းရင်းဆေးသည် 'အိုလံပစ်အားကစားတွင် အကြီးဆုံးဆုရှင်' ဟူ၍ နိုင်ငံရပ်ခြား သတင်း ထောက်များကပင် တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ တကယ်တော့ ယခုနှစ်ပိုင်းများတွင် တရုတ် တိုင်း ရင်းဆေးအပါအဝင် တရုတ်နိုင်ငံ၏ မိရိုးဖလာကျန်းမာရေးနည်းလမ်းများသည် နိုင်ငံခြားသားများ အား ဆွဲဆောင်နိုင်ခဲ့ပြီး နိုင်ငံခြားသားအများ စုသည် ထိုအရာအတွက် ခရီးမိုင်ပေါင်း ထောင် သောင်းများစွာမှ တရုတ်နိုင်ငံသို့ ကျန်းမာရေးအနားယူရန် ရောက်ရှိလာခဲ့ကြပါသည်။
နိုင်ငံခြားသားများသည် နိုင်ငံဖြတ်ကျော်ကာ ကျန်းမာရေးအနားယူကြရန်အတွက် ဦးဆုံး အနေဖြင့် တရုတ်နိုင်ငံ၏ ရာသီဥတုကောင်းမွန်ပြီး၊ ရှုခင်းသာယာလှပသော ကမ်းရိုးတန်းမြို့ များကို ရွေးချယ်လာကြပါသည်။ နိုင်ငံခြားသားသက်ကြီးရွယ်အိုများအနေဖြင့် တရုတ်နိုင်ငံရှိ ဘိုးဘွား ရိပ် သာများသည် ရာသီဥတုနှင့် ရှုခင်းများထက် ပို၍ ဆွဲဆောင်ပြီး ပို၍ စိတ်ဝင်စားဖွယ်ကောင်း သည် မှာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု၊ မိရိုးဖလာကျန်းမာရေးအနားယူခြင်းပုံစံများနှင့် တရုတ်နိုင်ငံ၏ ထူး ခြားသောစားသောက်ဖွယ်ရာများဖြစ်ကြောင်း သိရပါသည်။
နိုင်ငံခြားသားသက်ကြီးရွယ်အို ဦးရေ(၁၀၀)ကျော်သည် နှစ်စဉ် တရုတ်နိုင်ငံသို့ ရောက်ရှိ လာပြီး ထိုက်ချိနှင့် အသက်ရှုနည်းသင်တန်းများကို လာရောက်လေ့ကျင့်ကြကာ တရုတ် တိုင်း ရင်းဆေးကုထုံးနည်းမျိုးစုံကို တွေ့ကြုံခံစားခဲ့ကြပါသည်။ ၄င်းတို့အထဲတွင် အပ်စိုက်ကုထုံး၊ အငွေ့ ထုတ်ကုထုံးနှင့် သျှားချစ်ကုထုံးများပါဝင်ကြောင်း ဟိုပေ ပြည်နယ်အသက်ရှုကုသနည်းဆေးရုံ၏ တရုတ်တိုင်းရင်းဆေး ဒုတိယတာဝန်ခံ Xiao Yuande မှ Global Times ၏ မေးမြန်းချက်တွင် ဖြေကြားခဲ့ကြောင်း သိရပါသည်။
တရုတ်နိုင်ငံရှိ အစိုးရပိုင်ဘိုးဘွားရိပ်သာများသည် လက်ရှိအချိန်အထိ နိုင်ငံခြားသားသက်ကြီး ရွယ်အိုဘိုးဘွားများကို လက်မခံသေးကြောင်း သိရသည်။ သို့သော် အနောက်နိုင်ငံရှိ ဘိုးဘွား ရိပ်သာများနှင့် နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံရှိ ပုဂ္ဂလိက ဘိုးဘွားရိပ်သာများ၏ဈေးနှုန်းနှင့် ဝန်ဆောင် မှုများကို နိုင်ငံခြားသားသက်ကြီးရွယ်အိုများ နှစ်သက်သဘောကျလျက်ရှိကြောင်း သိရှိရပါသည်။
(Global Times မှကောက်နှုတ်ဖော်ပြသည်)