Myanmar မှာ ဝက်ဆိုက်
၂၀၁၈ ခုနှစ်တွင် အာကာသသို့ အလည်အပတ်ခရီးစဉ် သွားရောက်နိုင်တော့မည်

  Jeff Bezos ကုမ္ပဏီအောက်ရှိ အာကာသခရီးသွားကုမ္ပဏီ၏ Blue Origin သည် ၂၀၁၇ ခုနှစ်တွင် စမ်းသပ်ပျံသန်းတော့မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းခရီးစဉ်အဖြစ် စတင် ပျံသန်းအကောင်အထည်ဖော်ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံခြားသတင်းမီဒီယာများတွင် ဖော်ပြ ထားပါသည်။

  အောက်တိုဘာလ ၁၃ ရက်နေ့က နယူးမက္ကစီကိုပြည်နယ်၌ ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိက နှင့် စီးပွားရေးလုပ်ငန်း အာကာသယာဉ်ခရီးစဉ် နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲ (ISPCS) တွင် Blue Origin ဥက္ကဌ Rob Meyerson က ခရီးစဉ်အချိန်အား ထပ်မံအတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်နှစ်ဆန်းပိုင်းတွင် Blue Origin မှ ၂၀၁၈ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းအရ အာကာသယာဉ်ခရီးစဉ် ပျံသန်းပေးမည့်အစီအစဉ်ကို အတည်ပြုခဲ့သော်လည်း ထိုအစီအစဉ်သည် ချောမွေ့စွာအကောင်အထည်ဖော်နိုင်ခြင်းရှိမရှိအတွက်ကိုမူ ပြီးခဲ့သည့် အောက်တိုဘာ၅ ရက် နေ့က ဘေးကင်းလုံခြုံမှုစမ်းသပ်ရေးဖြင့် အကောင်အထည်ဖော်ဆောင်ခဲ့ပြီးဖြစ်ပါသည်။ ယင်းအ ကြိမ် စမ်းသပ်ခြင်းမှ New Shepard အာကာသယာဉ်သည် 'လိုက်ပါစီးနင်းသူများ အသက် အန္တရာယ်ဘေးကင်းခြင်းစနစ်' ကိုအောင်မြင်စွာပြသနိုင်ခဲ့ပြီး အာကာသယာဉ် လွှတ်တင်မှု မအောင် မြင်ပါက ၄င်းစနစ်သည် ခရီးသည်များအား ကမ္ဘာ့မြေပြင်ပေါ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  (tech.ifeng.com မှကောက်နှုတ်ဖော်ပြသည်)

新闻推荐