Myanmar မှာ ဝက်ဆိုက်
တရုတ်နိုင်ငံတွင် နိုင်ငံခြားအပျော်စီးသင်္ဘောခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ဆိပ်ကမ်းများတွင် တိုးချဲ့လုပ်ဆောင်သွားမည်

  တရုတ်နိုင်ငံ ရှန်ဟိုင်းဆိပ်ကမ်းတွင် နိုင်ငံခြား အပျော်စီးသင်္ဘောခရီးသွားများအတွက် (၁၅) ရက်ဗီဇာကင်းလွတ်ခွင့်မူဝါဒကို အကောင်အထည်ဖော်ပြီးနောက် အောက်တိုဘာလ၁၄ ရက်နေ့ က တရုတ်နိုင်ငံတော်ကောင်စီအလုပ်အမှုဆောင်အစည်းအဝေး၌ နိုင်ငံတကာ အပျော်စီး သင်္ဘော ခရီးသွားအဖွဲ့များအား (၁၅) ရက် ဗီဇာကင်းလွတ်ခွင့်မူဝါဒ နယ်ပယ်ကို တိုးချဲ့ အကောင် အထည် ဖော်ရန် ဖော်ပြခဲ့ကြောင်း သိရပါသည်။

  ယခုအကြိမ်ကျင်းပသည့် တရုတ်နိုင်ငံတော်ကောင်စီအလုပ်အမှုဆောင်အစည်းအဝေး၌ ပြည် တွင်းစားသုံးမှုများ၏ မူဝါဒစီမံချက် ထပ်ဆင့်တိုးချဲ့ရန် အတည်ပြုခဲ့ပြီး အပျော်စီး သင်္ဘော ခရီးသွားလုပ်ငန်းကို အရေးပါသောလုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်ရန် ဖော်ပြထားပါသည်။ ခရီးသွားလာရေး၊ ယဉ်ကျေးမှုစသည့်အပိုင်းကဏ္ဍများ အကျိုးရှိစွာထောက်ပံ့ပေးနိုင်မှုကို ဖြန့်ကြက် ရန် မူဝါဒ ပေါ်လစီတွင် ဖော်ပြထားပါသည်။ထို့အပြင် ကျေးလက်ဒေသခရီးသွားလာရေး အခြေခံ လုပ်ငန်း ခိုင်မာစေရန်၊ Motorhomes မော်တော်ယာဉ်မောင်းလိုင်စင်သတ်မှတ်ချက်များ ပြောင်း လဲစီမံရန်၊ Motorhomes မော်တော်ယာဉ်များ စခန်းချနိုင်မည့်ဒေသများ ထုတ်ပေးရန် စသည့်ပေါ်လစီများ ကျင့်သုံးရန် ဖော်ပြထားသည်။ နိုင်ငံတကာ အပျော်စီးသင်္ဘောခရီးသွားများ အတွက် (၁၅) ရက် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို တဖြည်းဖြည်းဖြင့် ပိုမိုများပြားသော ဆိပ်ကမ်း များသို့ တိုးချဲ့သွားမည်ဖြစ်ပြီး ရွက်လှေငှားရမ်းခြင်းလုပ်ငန်းကိုလည်း ရှေ့ပြေးစမ်းသပ် ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  ပြီးခဲ့သည့် အောက်တိုဘာလ (၁) ရက်နေ့က နိုင်ငံတကာ အပျော်စီး သင်္ဘောခရီး သွားအဖွဲ့ကို (၁၅)ရက် ဗီဇာကင်းလွတ်ခွင့်မူဝါဒ အား တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဆိပ်ကမ်းတွင် စတင် အကောင် အထည်ဖော်ခဲ့ပါသည်။ ၄င်းမူဝါဒအရ နိုင်ငံခြားခရီးသွားအဖွဲ့ (၂ ဦးနှင့်အထက်) သည် ပြည်တွင်းရှိ တရားဝင်မှတ်ပုံတင်ထားသော ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်း၏၀န်ဆောင်မှုဖြင့် ဗီဇာ ကင်းလွတ်ခွင့်ရယူကာ တရုတ်ပြည်တွင်း ၀င်ရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး လည်ပတ် လှုပ်ရှားမှု အတိုင်းအတာကိုလည်း သတ်မှတ်ကန့်သတ်ချက်များထားရှိကြောင်း သိရပါသည်။

  (ပီကင်းစီးပွားရေးသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်)

新闻推荐