နိုဝင်ဘာလ ၆ ရက်နေ့က ဆဋ္ဌမအကြိမ်မြောက် လင်ချန်းနယ်စပ်ကုန်သွယ်ဖလှယ်ရေးပွဲ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် လင်ချန်းမြို့ Asia Microfilms Art Festival နှင့် နယ်စပ်ကုန်သွယ်ဖလှယ်မှုပွဲကို ပေါင်းစည်းပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများသည် Microfilms ပြပွဲကို ခံစားနိုင်သည်သာမက နယ်စပ်ကုန်သွယ်ဖလှယ်ပွဲမှ သယ်ဆောင်လာသော ဖွံ့ဖြိုးတိုးတက် မှုအသစ်ကိုလည်း ခံစားနိုင်ခဲ့ကြောင်း သိရပါသည်။
လက်ရှိလင်ချန်းမြို့တွင် ချင်းရွှေဟော်၊ နန့်ဆန်နှင့် ယုံဟော်ဟူသည့် ပြည်ဝင်ထွက်ဂိတ်စခန်း (၃) ခုရှိပြီး ထိုဂိတ် စခန်း (၃) ခုသည် မြန်မာနိုင်ငံနှင့်ဆက်သွယ်ထားကာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၊ အိန္ဒိယသမုဒ္ဒရာ စီးပွားရေး အသိုက်အဝန်း၏ အရေးပါသော ဗဟို ချိတ်ဆက်မှု တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမန္တလေးမြို့ကို ဆက်သွယ်ပေးမည့် အမြန်လမ်း တစ်ခုကို လည်း ချင်းရွှေဟော်ဘက် ၌ စတင်ဖော်ဆောင်နေပြီး ထိုအမြန်လမ်းသည် ယူနန်ပြည်နယ်၏ ငါးလမ်းမြောက်ပြည်ဝင်ထွက် အမြန်လမ်းတစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်း သိရပါသည်။ လင်ချန်းမြို့သည် ထူးခြားသော ပထဝီမြေအနေအထားကို ပိုင်ဆိုင်ထားပြီး ယခုနှစ်ပိုင်းများတွင် လင်ချန်းမြို့သည် နယ်စပ် ခရီးသွား လုပ်ငန်းများကို တတ်အားသရွေ့ ဖွံ့ဖြိုးတိုးတက်စေရန် ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။
ယခုနှစ် ဇွန်လမှစတင်၍ လင်ချန်းမြို့သည်နယ်စပ်ခရီးသွားလုပ်ငန်းကိုဖွံ့ဖြိုးတိုးတက်ရန် စတင် လုပ်ဆောင်လျက်ရှိရာ လက်ရှိနယ်စပ်ခရီးသွားလာရေးတွင် ခရီးသွားများသည် ချင်းရွှေဟော်၊ နမ့်ဆန် ဂိတ်စခန်းနှစ်ခုမှ တစ်ဆင့် ပြည်ဝင်ပြည်ထွက်ပြုလုပ်နိုင်ပြီး ခရီးတိုခရီးစဉ်သွားနိုင်ကြောင်း သိရပါသည်။ လင်ချန်းမြို့နှင့် မြန်မာနိုင်ငံသည် ထိစပ်နေလျက်ရှိပြီး နှစ်နိုင်ငံနယ်စပ်နေ ပြည်သူ များသည် အပြန်အလှန်ဖလှယ်မှုများပြုလုပ်ကာ နယ်စပ်ခရီးသွားလုပ်ငန်း၏အားသာချက်ကို ဖော် ဆောင်လျက်ရှိနေပါသည်။ ထို့အပြင် ခရီးသွားပြည်သူများအတွက် ပိုမိုလွယ်ကူသော လမ်းပန်း ဆက်သွယ်မှုကိုလည်း ပေးဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။
ယခုလက်ရှိ ဖွင့်လှစ်ခဲ့သည့် ခရီးသွားလမ်းကြောင်းနှစ်ကြောင်းမှာ (၁) ရက်တာခရီးစဉ်နှင့် (၃) ရက်တာ ခရီးစဉ်ဖြစ်ပြီး (၁) ရက်တာခရီးစဉ်သည် နမ့်ဆန်မှကိုးကန့်ဒေသသို့ဖြစ်ပြီး (၃) ရက်တာ ခရီးစဉ်သည် ချင်းရွှေဟော်မှ လားရှိုးမြို့သို့ဖြစ်ကြောင်း သိရပါသည်။
(www.yntv.cn မှကောက်နှုတ်ဖော်ပြသည်)