မေလ၊ ၅ ရက်နေ့က တရုတ်-မြန်မာနိုင်ငံတကာလမ်းကြောင်း၏ တစ်နာရီမြန်နှုန်း(၂၀၀)ကီလိုမီတာရှိသည့် ကွမ် ထုံး-တာ့လီမီးရထားလမ်း ဆက်သွယ်ရေး၊ အချက်ပြ၊ လျှပ်စစ်ထောက်ပံ့မှုနှင့် လျှပ်စစ်ဆွဲငင်မှုစနစ်(၄)ခုစုပေါင်းသည့် ဆောက်လုပ်မှုစီမံကိန်းနှင့် ရထားလမ်းကြောင်းဆောက်လုပ်မှုမှာ ဘက်ပေါင်းစုံမှ စတင်အကောင်အထည်ဖော်နေပြီဖြစ် ကြောင်း ကူမင်းမီးရထားဦးစီးဌာနမှ သိရပါသည်။ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ယခုအချိန်အထိ ကွမ်ထုံး-တာ့ လီရထားလမ်းမှ ရင်းနှီးမြှုပ်နှံမှုပမာဏ တရုတ်ယွမ်ငွေ(၁၁.၄၄)ဘီလီယံရှိပြီဖြစ်ကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၈၀% အထက်ပြီးစီးနေပြီဖြစ်ကြောင်း သိရပါသည်။ ရထားလမ်းကြောင်း ဆောက်လုပ်မှုပြီးနောက် ကူမင်းမှ တာ့လီသို့ (၂)နာရီ၊ လီကျန်းသို့ (၄)နာရီခရီးဖြင့် ရောက်ရှိသွားလာနိုင်မည်ဖြစ်သောကြောင့် ခရီးသွားအချိန်ကို ယခင်နှင့်နှိုင်းယှဉ်ပါက (၄)နာရီခန့် ချုံ့ပေးသွားနိုင် မည်ဖြစ်သည်။ ကွမ်ထုံး-တာ့လီရထားလမ်းမှာ တရုတ်-မြန်မာနိုင်ငံတကာရထားလမ်း၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ ရထားလမ်း စုစုပေါင်းအရှည်မှာ (၁၇၅)ကီလိုမီတာရှိပြီး သတ်မှတ် ထားသော တစ်နာရီမြန်နှုန်းမှာ (၂၀၀)ကီလိုမီတာဖြစ်ပြီး တံတား၊ ဥမင်လိုဏ်ခေါင်းပါဝင်မှုမှာ ၆၃%ဖြစ်ပြီး ယူနန် ပြည်နယ် ချူရှုံ၊ တာ့လီစသည့် ပြည်နယ် ခွဲနှင့် မြို့များကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ရထားလမ်းဆောက် လုပ်ပြီးနောက် ယူနန်အနောက်ပိုင်းဒေသ လမ်းပန်း သွယ်ရေးကွန်ယက်၏သယ်ယူပို့ ဆောင်မှုစွမ်းရည်ကို မြှင့်တင်နိုင် မည်ဖြစ်ပြီး ယူနန်နှင့် တရုတ်ပြည်တွင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှတို့၏ ဆက်သွယ်ဖလှယ်မှုလမ်းကြောင်း ဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကာ ယူနန်ပြည်နယ် ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေနိုင်မည့်အပြင် “The Belt and The Road” ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရပါ သည်။
www.yninfo.com မှ ကောက်နုတ်ဖော်ပြသည်။