မကြာသေးမီက ကမ္ဘာ့အကြီးဆုံးဖြစ်သော ခရီးသွားပြပွဲ ITBကို တရုတ်နိုင်ငံရှန်ဟိုင်းမြို့၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ၏အကြီးဆုံးနှင့် တိုးတက်မှုအမြန်ဆုံးဖြစ်သော ပြည်ပခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်မှု အခွင့် အလမ်းများကို ရှာဖွေနိုင်ခဲ့ကြသည်။ ITB မှ တရုတ်နိုင်ငံတွင် အခြေချလိုက်ခြင်းမှာ ပြည်ပခရီးသွားဈေးကွက်ကို ပိုမို မြှင့်တင်ပေးသွားနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းကျွမ်းကျင်သူများက သုံးသပ်ခန့်မှန်းထားကြသည်။
ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ လူကြိုက်များသော ခရီးသွားနေရာဟု မဆို နိုင်ပါ။ သို့သော် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေသဖြင့် မူလသဘာဝအလှတရားကို ထိန်း သိမ်းထား နိုင် ခဲ့ပါသည်။ စာရင်းတွက်ချက်မှုအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ခရီးသွားဈေးကွက်အရင်းအ မြစ်ဈေးကွက်တစ်ခု ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်ခရီးသည်စုစုပေါင်း(၅)သိန်းခန့် လာ ရောက် လည်ပတ်စေနိုင်ခဲ့ပြီး ထိုခရီးသည်များမှာ ရန်ကုန်လေဆိပ်နှင့် ကုန်လမ်းနယ်စပ်ဂိတ်များမှ ဝင်ရောက်လာခြင်းဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ သဘာဝယဉ်ကျေးမှုရှုခင်းများမှာလည်း အလွန်ကြွယ်ဝလှပါသည်။ ဘုရားစေတီတော်များ ပျံ့နှံ့နေ သည့် ပုဂံဒေသမှ မန္တလေးရွှေနန်းတော်နှင့် ရန်ကုန်အမျိုးသားပြတိုက်တို့မှာ လေ့လာကြည့်ရှုကြည်ညို ဖွယ်ကောင်း သည့် ခရီးသွားနေရာများဖြစ်ပါသည်။
တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်နှင့်မန္တလေးသို့ နေ့စဉ်တိုက်ရိုက်ပျံသန်းနေသော လေကြောင်းခရီးစဉ် နှစ် ကြောင်းရှိပါသည်။ မြန်မာနိုင်ငံသို့ ခရီးသွားလည်ပတ်မှု အကောင်းဆုံးကာလမှာ အောက်တိုဘာလမှ မတ်လအထိ ဖြစ်ကြောင်း သိရပါသည်။
www.thepaper.cn မှ ကောက်နုတ်ဖော်ပြသည်။