ယူနန်ပြည်နယ်မှ ပထမအဆင့်အဖြစ် တရုတ်-ဗီယက်နမ်၊ တရုတ်-လာအို၊ တရုတ်-မြန်မာ သုံးနိုင်ငံ နယ် စပ်ဖြတ်ကျော် ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းကို ထူထောင်သွားရန် စီစဉ်ထား ကာ နယ်စပ်ဖြတ် ကျော်ခရီးသွားပူးပေါင်းဆောင်ရွက်မှုဇုန်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ယူနန်ပြည် နယ်ခရီးသွား လာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဌမှ ဇွန်လ၊ ၁၃ရက်နေ့က ပြောကြားခဲ့ပါသည်။
စီမံကိန်းအရ တရုတ်-ဗီယက်နမ်နယ်စပ်ဖြတ်ကျော်ခရီးသွားပူးပေါင်းဆောင်ရွက်မှုအတွက် ကူမင်း-ဟိုခို နိုင် ငံ တကာခရီးသွားစင်္ကြံနှင့် ယူနန်-ဗီယက်နမ်မြောက်ပိုင်း နိုင်ငံတကာခရီးသွားဇုန်ကို ထူထောင် ဆောက်လုပ်သွား မည်ဖြစ်သည်။တရုတ်-လာအိုနယ်စပ်ဖြတ်ကျော်ခရီးသွားပူးပေါင်းဆောင်ရွက်မှုအတွက်ယူနန်ပြည်နယ်တောင်ပိုင်း-လာအိုမြောက်ပိုင်း နိုင်ငံတကာခရီးသွားဇုန်ကို တည်ဆောက်သွားမည်ဖြစ်ကာ ကူမင်း-ဘန်ကောက်နိုင်ငံတကာ ခရီးသွား စင်္ကြံ တည်ဆောက်မှုကိုလည်း မြှင့်တင်သွားမည်ဖြစ်ပါသည်။ တရုတ်-မြန်မာနယ် စပ်ဖြတ်ကျော်ခရီးသွား ပူးပေါင်း ဆောင်ရွက်မှုတွင် မြန်မာနိုင်ငံမြောက်ပိုင်းကို အဓိကထားကာ ယူနန်-မြန်မာမြောက်ပိုင်း ခရီးသွားအသိုက် အ၀န်းကို ထူထောင်သွားကာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာခရီးသွားလာရေးအသိုက်အ၀န်းကို တည်ဆောက် သွား မည်ဖြစ်ပါသည်။
နယ်စပ်ဖြတ်ကျော်ခရီးသွားပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံအ ကြားရှိ နိုင်ငံတကာခရီးသွားပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲခြင်းနှင့် တိုးချဲ့မြှင့်တင်ခြင်းများကို သယ်ဆောင်ပေးနိုင် မည့် စီမံကိန်းသစ်တစ်ခုဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ခရီးသွားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်နယ်မြေချင်းနီးကပ်သည့် ထူးခြားသော အားသာ ချက်ကို အပြည့်အဝအသုံးချနိုင်မည်ဖြစ်ကာ သက်ဆိုင်ရာနယ်စပ်ဒေသလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ပြီး နှစ်နိုင်ငံပြည်သူအကြား အပြန်အလှန်နားလည်ရေးနှင့် ချစ်ကြည်ရေးကိုလည်း တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါ သည်။
www.chinanews.com မှ ကောက်နုတ်ဖော်ပြသည်။