Myanmar မှာ ဝက်ဆိုက်
ကူမင်း ချန်ရွှေလေဆိပ်တွင် အရှေ့တောင်အာရှ လေကြောင်းလိုင်းများ အရှိန်ဟုန်တိုးမြင့်

  ယခုနှစ်အတွင်း ယူနန်ပြည်နယ်ကို တောင်အာရှ၊အရှေ့တောင်အာရှဒေသဖြန့်ကျက်စင်တာအဖြစ် ဖွံ့ဖြိုးတိုး တက် မှု အခြေအနေအောက်တွင် ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်း များ အရှိန်လျင်မြန်စွာ တိုးမြှင့်လျက်ရှိနေပါသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း လေဆိပ်အုပ်စုမှ လေဆိပ် အသီးသီးတွင် လေကြောင်းသယ်ယူပို့ဆောင်မှုလေယာဉ်အဆင်းတက်အစီးရေ (၂.၄၈)သိန်း၊ ခရီးသည် တင်ဆောင်မှု ဦးရေ (၃၁.၀၂၆)သန်း၊ ကုန်စည်တင်ချမှုတန်ချိန် (၂.၁၄)သိန်းရှိပြီး ယခင်နှစ်ကာလတူထက် ၉.၂%၊ ၁၀.၀%၊ ၉.၈% အသီးသီး မြှင့်တက်လာခဲ့ပါသည်။ ထိုအနက် ကူမင်းလေဆိပ်၏ လေယာဉ်အဆင်းအတက်အစီးရေမှာ (၁.၇၃)သိန်း၊ ခရီး သည်တင်ဆောင်မှုဦးရေ(၂၂.၁၆၃)သိန်း၊ ကုန်စည်တင်ချမှုပမာဏ(၁.၉၄)သိန်းရှိပြီး ယခင်နှစ်ကာလ တူထက် ၁၀.၂%၊ ၁၀.၈%၊ ၈.၈% မြှင့်တက်ခဲ့ကြောင်း သိရပါသည်။

  ယခုနှစ်၊ မေလအထိ ဖွင့်လှစ်ပြေးဆွဲခဲ့သော တောင်အာရှနှင့် အရှေ့တောင်အာရှ လေကြောင်းပေါင်း (၅၂)ခုရှိပြီး ထိုအနက် အရှေ့တောင်အာရှလေကြောင်းလိုင်း(၄၁)ခု၊ တောင်အာရှလေကြောင်းလိုင်း(၁၁)ခု၊ အပြည်ပြည်ဆိုင်ရာ ခရီးသည်နှင့် ကုန်စည်တင်ချလေကြောင်းလိုင်း၏ စံနှုန်းအမျိုးမျိုးမှာ လျင်မြန်စွာမြှင့်တက်လာလျက်ရှိကာ ကူမင်း ချန် ရွှေလေဆိပ်တိုးတက်မှုသည် စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်လာခဲ့သည်။ ဇူလိုင်လတွင် အရှေ့တောင်အာရှလေ ကြောင်းလိုင်းဖြင့် တစ် ပတ်လျှင် (၁၈၈)ကြိမ်ပြေးဆွဲမည်ဖြစ်ပြီး တောင်အာရှသို့ တစ်ပတ်လျှင် (၃၆)ကြိမ်ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရပါ သည်။

  www.yunnan.cn မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐