Myanmar မှာ ဝက်ဆိုက်
ကမ္ဘာ့ခရီးသွားလုပ်ငန်းမဟာမိတ်အဖွဲ့ တရုတ်နိုင်ငံတွင် ထူထောင်

  မကြာသေးမီရက်ပိုင်းက တရုတ်နိုင်ငံခရီးသွားလုပ်ငန်းအသင်းမှ ထူထောင်သော ကမ္ဘာ့ခရီးသွား လုပ်ငန်း မဟာမိတ်အဖွဲ့ ပထမအကြိမ်အထွေထွေညီလာခံနှင့် တည်ထောင်မှုအခမ်းအနားကို တရုတ်နိုင်ငံစီချွမ်းပြည်နယ် ချိန်တူး မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

  ကမ္ဘာ့ခရီးသွားလုပ်ငန်းမဟာမိတ်အဖွဲ့သည် တစ်ကမ္ဘာလုံးအတိုင်းအတာရှိသော ခရီးသွားလုပ်ငန်းအဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များဖြင့် ပူးပေါင်းဖွဲ့စည်းထားသော ပထမဆုံး တစ်ကမ္ဘာလုံးဆိုင်ရာ၊ အစိုးရမဟုတ်သော၊ စီးပွားဖြစ် မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါသည်။ ရုံးချုပ်နှင့် အတွင်းရေးမှူးရုံးကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဖွင့်လှစ် သွားမည်ဖြစ်ကာ ခရီးသွားလာခြင်းဖြင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လှပစေရမည်ဟူသော အဓိကခေါင်းစဉ်ဖြင့် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်၊ ခရီးသွားလာခြင်းဖြင့် ဆင်းရဲမွဲတေမှုလျော့ချခြင်းကို မြှင့်တင်ရန်၊ ခရီးသွားလာခြင်း ဖြင့် ငြိမ်းချမ်းရေးမြှင့်တင်ရန်ဟူသော ရည်မှန်းချက်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း မဟာ မိတ်အဖွဲ့မှ ပြောကြားခဲ့ပါသည်။

  ခရီးသွားလုပ်ငန်းသည် ကမ္ဘာမှအသိအမှတ်ပြုထားသည့် အရင်းအမြစ်သုံးစွဲမှုနည်းသော၊ အလုပ်အကိုင်အခွင့်အ လမ်းများသော၊ အထွေထွေအကျိုးသက်ရောက်မှုမြှင့်မားသော လုပ်ငန်းရပ်တစ်ခုဖြစ်သည်။ ခေတ်မီဝန်ဆောင်မှု လုပ်ငန်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး နိုင်ငံအများအပြား၏ ထုတ်လုပ်မှုလုပ်ငန်း ပြန်လည်ဖွဲ့စည်းမှုအတွက် အရေးကြီးသည့် ဦးတည်ချက်တစ်ခုပင်ဖြစ်သည်။

  ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက်အရ ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ(၁)ဒေါ်လာသုံးစွဲခြင်းဖြင့် တစ်ကမ္ဘာလုံး အတွက် အမေရိကန်ဒေါ်လာ (၃.၂)ဒေါ်လာမြှင့်တင်ပေးနိုင်ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက် အောင်လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံအသီးသီးမှ ဘက်စုံယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်သည့် မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခုဖြစ်လာကြောင်း သိရပါသည်။

  www.chinanews.com မှကောက်နုတ်ဖော်ပြသည်။

新闻推荐