ရွှေလီမြို့မှ ယခုရက်ပိုင်းတွင် လေယွင်လေယာဉ်ထုတ်လုပ်ရေးစက်ရုံ ပျက်သုဉ်းသွားသောနေရာအကြွင်းတွင် ဘက်စုံခရီးသွားဇုန်တည်ဆောက်မှုစီမံကိန်းမူဘောင်သဘောတူစာချုပ်ချုပ်ဆိုမှုအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ဤစီမံကိန်းကို ဧရိယာအကျယ် မိုပေါင်း(၃၀၀၀-၅၀၀၀)ခန့်အသုံးပြုသွားရန် ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာတရုတ်ယွမ်ငွေ(၁)ဘီလီယံမှ (၂)ဘီလီယံခန့်ရှိကြောင်း သိရသည်။ စီမံကိန်းတွင် လေယွင်လေယာဉ်ထုတ် လုပ် ရေး စက်ရုံပြန်လည်ပြုပြင်ဖွံ့ဖြိုး မှု၊ ဒုတိယကမ္ဘာစစ်သမိုင်းပြတိုက်၊ ရုပ်ရှင်ရိုက်ကူးနေရာ၊ မောင်းသူမဲ့လေယာဉ် ပြသခြင်းနှင့် စမ်းသပ်အခြေစိုက်စခန်းစသည့် စွမ်းဆောင်ရည်(၃)ခုပါဝင်သော ခရီးသွားအခြေစိုက်စခန်းကို တည် ထောင် သွားမည်ဖြစ်သည်။ ကျန်ရှိသောအပိုင်းတွင်သက်ဆိုင်ရာ ထုတ်ကုန်လုပ်ငန်းလုပ်ကိုင်နိုင်ပြီး ခရီးသွား အပန်းဖြေ မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အထူးထုတ် ကုန်ဝယ်ယူမှုစသည့် အတွေ့အကြုံများကို တစ်စုတစ်စည်းတည်း ပေါင်းစပ် ထားသော ဘက်စုံခရီးသွားဇုန်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။