Myanmar မှာ ဝက်ဆိုက်
ရွှေလီမြို့၌ နှစ်သစ်ကို ကြိုဆိုရင်း နှစ်နိုင်ငံဖြတ်ကျော် မာရသွန်ပြိုင်ပွဲ ဝင်ပြိုင်ကြပါစို့လား

  ရွှေလီမြို့၌ မာရသွန်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ကြစို့လား။ နိုင်ငံတော်တံခါးပေါက်ကို လွယ်ကူစွာ ပြေးထွက်နိုင်ပြီး ရွှေလီမြို့သို့ အခမဲ့ခရီးသွားလည်ပတ်နိုင်ပါမည်။

  တက်ဟုန်းပြည်နယ်ခွဲပါတီကော်မတီ၊ ပြည်နယ်ခွဲအစိုးရတို့၏ အစီအစဉ်ဖြင့် နှစ်သစ်ချိန်ခါတွင် ရွှေလီမြို့မှ ၂၀၁၇ ခုနှစ် တရုတ်-မြန်မာရွှေလီ-မူဆယ်နိုင်ငံတကာမာရသွန်ပြိုင်ပွဲဝင်နှင့် မိတ်ဆွေသူငယ်ချင်းများအတွက် ဝင်ခွင့်လက်မှတ် အထူးခံစားခွင့်ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုကာလအတောအတွင်း ၂၀၁၇ ခုနှစ် တရုတ်မြန်မာ ရွှေလီ-မူဆယ် နိုင်ငံတကာ မာရသွန်ပြိုင်ပွဲဝင် အားကစားသမားများသည် မိမိတို့၏ ပြိုင်ပွဲဝင် နံပါတ်ပါ ပိတ်စဖြင့် ခရီးသွားရှုခင်းဒေသ ဝင်ပေါက် လက်မှတ်ကို အခမဲ့ရယူနိုင်မည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်အားကစားသမားတစ်ဦးလျှင် ပြိုင်ပွဲဝင် နံပါတ်ပါ ပိတ်စဖြင့် ကန့်သတ်ထားသော ခရီးသွားရှုခင်းဒေသ ဝင်ခွင့်လက်မှတ်(၂)ဆောင်ကို ဝယ်ယူပါက တစ်ဝက်ဈေးဖြင့် ဝယ်ယူနိုင် မည်ဖြစ် သည်။ သတ်မှတ်အချိန်ကာလမှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၀ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ ၁ ရက်နေ့ အထိဖြစ်ပါသည်။

  တက်ဟုန်းညီညွှတ်ရေးသတင်းစာမှ ကောက်နုတ်ဖော်ပြသည်။

新闻推荐