Myanmar မှာ ဝက်ဆိုက်
တရုတ်-မြန်မာနယ်စပ် နေ့ချင်းပြန်ခရီး ကြိုက်နှစ်သက်သူများပြား

  ၂၀၁၇ခုနှစ် ဇူလိုင်လ၊ ၁၀ ရက်နေ့မှစတင်၍ တရုတ်-မြန်မာနယ်စပ်နေ့ချင်းပြန်ခရီးစဉ်ကို တရားဝင်ခွင့်ပြုပြီး သည့်နောက် အောက်တိုဘာလ၊ ၁၁ ရက်နေ့အထိ ခရီးသွားဧည့်သည်ပေါင်း (၁၁၁၂၈)ဦးခန့် ရှိခဲ့ကာ တရုတ်-မြန်မာ နေ့ချင်းပြန်ခရီးစဉ်မှာ ခရီးသွားဧည့်သည်အများသဘောကျ ကြိုက်နှစ်သက်မှုကို လက်ခံရရှိခဲ့ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့ခရီးသွားလာရေးဦးစီးဌာနမှ သိရပါသည်။

  တရုတ်-မြန်မာနယ်စပ်နေ့ချင်းပြန်ခရီးစဉ်ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၁ ရက်နေ့က ခေတ္တရပ်နားပိတ်ပင်ခဲ့ပြီး ၂၀၁၇ခုနှစ် ဇူလိုင်လ၊ ၁၀ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့ပါသည်။ တရုတ်-မြန်မာ နယ်စပ်နေ့ချင်းပြန်ခရီးစဉ်ကို ပြန်လည် သွားလာခွင့်ပြုလိုက်ပြီးနောက် ရွှေလီမြို့မှ စနစ်ကျစီမံခန့်ခွဲခြင်း၊ ရိုးသားစွာဝန်ဆောင်မှုပေးအပ်ခြင်း၊ ကျန်းမာစွာ တိုး တက်ဖွံ့ဖြိုးခြင်းခေါင်းစဉ်ဖြင့် နယ်စပ်ခရီးသွားစံချိန်မီစီမံခန့်ခွဲမှုနှင့် ပြည်ပညှိနှိုင်းရေးလုပ်ငန်းများကို လုပ်ဆောင်သွား ရန် အချိန်မီထုတ်ပြန်ခဲ့ပါသည်။ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သက်ဆိုင်ရာခရီးသွားဌာနများမှ တရုတ်-မြန်မာ နေ့ချင်း ပြန် ခရီးစဉ်သဘောတူစာချုပ်ကို ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပြီး တရုတ်-မြန်မာနေ့ချင်းပြန်ခရီးစဉ် တာဝန်ယူလုပ် ကိုင်ခြင်း အာမခံချက်(၈)ချက်နှင့် တရုတ်-မြန်မာနယ်စပ် နေ့ချင်းပြန်ခရီးစဉ် ပြည်ပဝန်ဆောင်မှုအာမခံချက်(၆)ချက် တို့ကို ပုံနှိပ်ထုတ်ဝေခဲ့ကာ လုပ်ကိုင်ဝန်ဆောင်မှု စနစ်တကျရှိရန်အတွက် အာမခံခဲ့ပါသည်။ ရွှေလီ နယ်စပ်ခရီးသွား ဈေးကွက် တည်ငြိမ်စွာ တိုးတက်မြှင့်တင်ခြင်း၊ တိုင်ကြားမှုကင်းမဲ့ခြင်းနှင့် မတော်တဆဖြစ်ပွားမှုကင်းမဲ့ခြင်းစသည့် ရည်မှန်းချက် ကို အစောပိုင်းတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  www.yndaily.com မှကောက်နုတ်ဖော်ပြသည်။

新闻推荐