ရွှေလီနယ်စပ်ကာကွယ်စစ်ဆေးရေးဂိတ်စခန်း၏ ကိန်းဂဏန်းများအရ ၂၀၁၇ ခုနှစ် ရွှေလီနယ်စပ်ဂိတ်မှ နယ်စပ် ဂိတ်ဝင်ထွက်သည့် ခရီးသွားဦးရေ(၁၇.၆၈)သန်းဝင်ထွက်ခွင့်ပြုခဲ့ပြီး မော်တော်ယာဉ်ဝင်ထွက်မှုအစီးရေ (၃.၈၆)သန်း ရှိကြောင်း သိရသည်။ နယ်စပ်ဝင်ထွက်သည့်ခရီသွားဦးရေမှာ ယခင်နှစ်ထက် ၁၂.၂၃% မြှင့်တက်ခဲ့ပြီး မော်တော် ယာဉ်များမှာမူ သာမန်အားဖြင့် ပုံမှန်အတိုင်းပင် ဖြစ်ပါသည်။ စုပေါင်း စစ်ဆေးခွင့် ပြုခဲ့သည့်ပမာဏမှာ တစ်နိုင်ငံလုံး လက်ရှိနယ်စပ်စစ်ဆေးရေးစခန်းတွင် ပထမနေရာဖြစ်ကြောင်း သိရပါသည်။
တရုတ်နိုင်ငံ၏ Y ပုံသဏ္ဍာန်စီးပွားရေးစင်္ကြံနှင့် ရွှေလီဖွံ့ဖြိုးတိုးတက်မှုစမ်းသပ်ရေးဇုန်တည်ဆောက်မှု၏အရှိန် လျင် မြန်လာသည်နှင့်အမျှ ရွှေလီနယ်စပ်ဂိတ်၏ လူဝင်လူထွက်မှုနှင့် မော်တော်ယာဉ်ဝင်ထွက်မှုပမာဏမှာ ပမာဏများပြား စွာဝင်ထွက်သွားလာနေသည့်အနေအထားတွင်ရှိနေပါသည်။ မြင့်မားစွာ တိုးမြှင့်လာသော နယ်စပ်ဝင်ထွက်မှုပမာဏ နှင့် တင်းကျပ်သောစီမံထိန်းချုပ်မှုအခြေအနေများအောက်တွင် ရွှေလီနယ်စပ်စစ်ဆေးရေးစခန်းမှ ခရီးသွား ကိုယ်တိုင် စစ်ဆေးရသည့်လမ်းကြောင်းတည်ဆောက်မှု၊ နယ်စပ်စစ်ဆေးရေးလုပ်ငန်းပုံစံပြုပြင်ပြောင်းလဲမှု၊ စစ်ဆေးသူနှင့် ဥပဒေ ဆိုင်ရာတပ်ဖွဲ့အရည်အသွေးများကိုမြှင်တင်ခြင်းစသည့်နည်းလမ်းများမှတစ်ဆင့် နယ်စပ်ဂိတ်ဝန်ဆောင်မှု ထိန်းချုပ် ကြီး ကြပ်မှုလုပ်ဆောင်ချက်များကို အသစ်တီထွင်သွားမည်ဖြစ်ကာ နယ်စပ်ဂိတ်၏ အကောက်ခွန်ဖြတ်
သန်းမှု ပတ်ဝန်း ကျင် ကို အဆက်မပြတ်မြှင့်တင်သွားကာ လမ်းပန်းဆက်သွယ်ရေးအကျိုးသက်ရောက်မှုကိုမြှင့်တင်ပြီး နယ်စပ်ဝင်ထွက် ခရီး သွား များအား အရည်အသွေးကောင်းမွန်သော၊ အကျိုးသက်ရောက်မှုမြင့်မားသော၊ လျင်မြန်သော အကောက်ခွန် ဝန်ဆောင်မှု ရရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။
မှ ကောက်နုတ်ဖော်ပြသည်။