တရုတ်နှစ်သစ်ကူးကာလတွင် ရွှေလီနယ်စပ်စစ်ဆေးရေးဂိတ်မှ နယ်စပ်ဝင်ထွက်သော ခရီးသည် ၂၃၉၀၀၀ ဦး၊ သယ်ယူပို့ဆောင်ရေးယာဉ်အစီးရေ ၅၈၀၀၀ နှင့် တရုတ်မြန်မာ နယ်စပ်နေ့ချင်းပြန် ခရီးသွား ၁၉၆၆ဖွဲ့စသည့် စုစုပေါင်း လူဦးရေ ၁၀၇၇၅ ဦးစသည့်တို့ကို ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းကို ရွှေလီနယ်စပ်စစ်ဆေး ရေးဂိတ်မှ သိရှိရသည်။
တရုတ်နှစ်သစ်ကူးရွှေရောင်သီတင်းပတ်ကာလတွင် ရွှေလီမြို့နယ်စပ် အပန်းဖြေ ခရီးသွား ဆက် လက် စည်ကား လျက်ရှိပြီး ကြယ်ဂေါင်ဂိတ်၊ နှစ်ပြည်တစ်ရွာ စသည့် အမည်ကြီးခရီးသွားနေရာများတွင် ခရီး သွားဧည့်သည် အများအ ပြားသွားရောက်လေ့လာခဲ့ကြသည်။ တရုတ်မြန်မာနယ်စပ်ခရီးသွား “တစ်ရက်နှစ်နိုင်ငံခရီးစဉ်”ကို ခရီးသွား ဧည့် သည်များ အလွန်နှစ်သက်ခဲ့ပြီး နယ်စပ်ခရီးသွားလုပ်ငန်း ဆက်လက်မြှင့်တက်မှုကို တွန်းအားပေးလုပ်ဆောင် နိုင်ခဲ့ သည်။ နယ်စပ်ဆိပ်ကမ်းဂိတ်အဆင်ပြေ ချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရန်အတွက် ရွှေလီနယ်စပ်စစ်ဆေးရေးဂိတ် တွင် ထိရောက်သော ဆောင်ရွက်မှုများ လုပ်ဆောင်၍ နယ်စပ်ဝင်ထွက်သွားလာသော ခရီးသည်များအတွက် လုံခြုံ စိတ်ချ ရသော၊ ကျွမ်းကျင်သော၊ ထိရောက်သော၊ အဆင်ပြေလွယ်ကူသော နယ်စပ်ဝင်ထွက်သွားလာမှု ဝန်ဆောင်မှု များ ကို ပေးအပ်နိုင်ခဲ့သည်။
လက်ရှိရွှေလီနယ်စပ်ဂိတ်တွင် နေ့ချင်းပြန်ခရီးသွားလိုသူများသည် ခရီးသွားအဖွဲ့ဖွဲ့၍သော်လည်းကောင်း တစ်ဦး ချင်းစီအဖြစ်သော်လည်းကောင်း ၎င်းဒေသရှိ နယ်စပ်ခရီးသွားတာဝန်ယူဆောင်ရွက်သော ခရီးသွားလုပ်ငန်းများထံ စာရင်းပေးအပ်၍ ၄င်းခရီးသွားလုပ်ငန်းက တရုတ်ပြည်သူ့လုံခြုံရေး နယ်စပ်ဝင်ထွက်မှုစီမံခန့်ခွဲဌာနသို့ တစ်စုတည်း နယ်စပ်ဝင်ထွက်လက်မှတ်လျှောက်ထားပြီး စစ်ဆေးခွင့်ပြုချက်ရလျှင် နယ်စပ်ထွက်ခွာ လက်မှတ် ထုတ်ယူကာ တာဝန် ခံထားသောခရီးသွားလုပ်ငန်းများမှ နှစ်နိုင်ငံနယ်စပ်သို့ ခရီးသွား ဧည့်သည်များအားလုံး တစ်စုတည်းသွားရောက် လည်ပတ်လေ့လာနိုင်ရန် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
www.dehong.gov.cn မှကောက်နုတ်ဖော်ပြသည်။