Myanmar မှာ ဝက်ဆိုက်
အလုပ်သမားနေ့ရုံးပိတ်ရက်က တက်ဟုန်းပြည်နယ်ခွဲသို့ ခရီးသွားဦးရေ(၃.၀၉၆)သိန်း လာရောက်လည်ပတ်

  မေလ(၁)ရက်နေ့ အလုပ်သမားနေ့ရုံးပိတ်ရက်တွင် တက်ဟုန်းပြည်နယ်ခွဲသို့ ခရီးသွားဦးရေ(၃.၀၉၆)သိန်း လာရောက်ခဲ့ကာ ကာလတူ ထက် ၁၆၈.၃၈% မြှင့်တက်ခဲ့ပြီး ခရီးသွားလာရေးဝင်ငွေ တရုတ် ယွမ်ငွေ (၂၅၈.၈၀၇)သန်း ရရှိခဲ့ရာ ကာလတူထက် ၁၆၃.၉၆% မြှင့်တက်ခဲ့ကြောင်း သိရပါသည်။

  ပွဲတော်ရုံးပိတ်ရက်ကာလအတောအတွင်း တက်ဟုန်းပြည်နယ်ခွဲ ခရီးသွားလာရေးမှ အဖွဲ့လိုက်ခရီးသည် အချိုး အစား သိသိသာသာကျဆင်းလာခဲ့သည်။ ခရီးသွားထုတ်ကုန်များပြားလာကာ ပွဲတော်လှုပ်ရှားမှုအလွန်စည်ကား လာခြင်း၊ ခရီးသွားဒေ သခရီးသည်တိုးပွားမှုတည်ငြိမ်လာခြင်း၊ ကျေးရွာခရီးသွားမြှင့်တင်မှုလူအုပ်စုဝင်ငွေ တိုးမြှင့် လာ ခြင်း စသည့် ထူးခြားချက်များ ရှိပါသည်။

  မေလ၊ ၁ ရက်နေ့ ရုံးပိတ်ရက်တွင် တက်ဟုန်းပြည်နယ်ခွဲ ခရီးသွားလာရေးမှာ မိမိဘာသာခရီးစီစဉ်ခရီးသွားခြင်းနှင့် မိမိဘာသာမောင်းနှင်ခရီးသွားခြင်းကို အဓိကထားပြီး ခရီးသည်မှမိမိဘာသာလမ်းကြောင်းရွေးချယ်ခြင်း၊ မိမိဘာသာ အဖွဲ့ဖွဲ့ခြင်း၊ မိမိဘာသာခရီးသွားခြင်းမှာ ထူးခြားချက်တစ်ခုဖြစ်နေပါသည်။ ကူမင်း-ထိန်ချုံး-လျန်ဟော်၊ ရွှေလီ-မန်စီ မိမိ ဘာသာခရီးစီစဉ်သွားလာသည့်လမ်းကြောင်းကို ခရီးသည်များ အလွန်ကြိုက်နှစ်သက်ကြပါသည်။ စီချွမ်၊ ချုံချင့်၊ ကွေ့ ကျိုးခရီးသည်ဦးရေမှာ သိသိသာသာမြှင့်တက်လာခဲ့သည်။ တက်ဟုန်းပြည်နယ်ခွဲအတွင်း မိသားစုခရီးသွားခြင်း၊ သူငယ် ချင်းမိတ်ဆွေများဖြင့်ခရီးသွားခြင်းမှာ ခရီးသွားပုံစံသစ်များဖြစ်လာခဲ့ပါသည်။ မန်စီမြို့ မုံကာ ထျန်ချုံးမြစ် ပထမဆုံးအ ကြိမ်ကျေးလက်ခရီးသွားယဉ်ကျေးမှုပွဲတော်နှင့် ငါးမျှားပြိုင်ပွဲ၊ မန်စီမြို့မုံကာကျေးရွာအုပ်စု ဂူဘုရားခရီးသွားနေရာ၊ တ အောင်းတိုင်းရင်းသားရေလောင်းပွဲတော်၊ ၂၀၁၈ ခုနှစ် တရုတ်-မြန်မာနိုင်ငံတကာ မိုးရာသီသစ်တော ဖိတ်ခေါ်ပြိုင်ပွဲစ သည့် လှုပ်ရှားပွဲများမှာ ခရီးသွားဧည့်သည်အများအပြားကို ဆွဲဆောင်လျက်ရှိကြောင်း သိရပါသည်။

  www.cntgol.com မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐