Myanmar မှာ ဝက်ဆိုက်
တက်ဟုန်းပြည်နယ်ခွဲ ရင်ကျန်းဒေသရှိ နှစ်(၃၀၀)ညောင်ပင်ဘုရင် တရုတ်နိုင်ငံ အလှဆုံးရှေးဟောင်းသစ်ပင်စာရင်းဝင်

  ယခုတစ်လော တရုတ်နိုင်ငံ စိမ်းလန်းစိုပြေရေးကော်မတီရုံး၊ တရုတ်နိုင်ငံသစ်တောပညာအဖွဲ့အစည်းတွင် တရုတ် နိုင်ငံ အလှဆုံးရှေးဟောင်းသစ်ပင် ရွေးချယ်မှုရလဒ်များ ထုတ်ပြန်ခဲ့ပါသည်။ တစ်နိုင်ငံလုံးတွင် ရှေးဟောင်းသစ်ပင် ပေါင်း(၈၅)ပင်ကို တရုတ်နိုင်ငံ အလှပဆုံးရှေးဟောင်းသစ်ပင်ဟု သတ်မှတ်ခဲ့ပါသည်။ ထိုအနက် တက်ဟုန်းပြည်နယ်ခွဲ ရင်ကျန်းခရိုင် ထုန်ပိကွမ်း လောင်တောင်နုန့်ကျေးရွာရှိ အပင်သက်တမ်း(၃၀၀)ရှိသော ညောင်ပင်ဘုရင်မှာ တရုတ်နိုင်ငံ အလှဆုံးညောင်ပင် စာရင်းဝင်ခဲ့ပြီး ဤသည်မှာ ယူနန်ပြည်နယ်၏ တစ်ခုတည်းသော အထူး ဂုဏ်နာမည်ရရှိသည့် ရှေးဟောင်းသစ်ပင်ဖြစ်ပါသည်။

  ရှေးဟောင်းပင်တစ်ပင်၏နောက်ကွယ်တွင် ၎င်းနှင့်ပတ်သက်သော သမိုင်းရှိသည်။ တက်ဟုန်းပြည်နယ်ခွဲရှိ ပြည် သူပြည်သားများမှာ ညောင်ပင်ကို အကြီးစားအစိမ်းရောင်သစ်ပင်ဟုခေါ်ကြပြီး ရှမ်းတိုင်းရင်းသားများကမူ နတ်ပင်ဟု ခေါ်ကြပါသည်။ အကြီးစားအစိမ်းရောင်အပင်ဆိုသည်မှာ တက်ဟုန်းပြည်နယ်ခွဲရှုခင်း၏ ထူးခြားမှုတစ်ခုဖြစ်ပြီး အကိုင်း အခက်ပေါ်များကာ ပုံသဏ္ဍာန်အမျိုးမျိုးရှိသော အကြီးစားအစိမ်းရောင်ပင်များဖြစ်သည့် ပြည်နယ်ခွဲတစ်ခုလုံး ဒေသ အသီးသီးထုံပိကွမ်းညောင်ပင်ကြီးကို တရုတ်ညောင်ပင်ဘုရင်ဟုလည်းခေါ်ကြပါသည်။ ယူနန်ပြည်နယ်ရင်ကျန်းခရိုင် ထုံပိ ကွမ်းလောင်တောင်းနုန့်ကျေးရွာဘေးရှိ အပူပိုင်းမိုးသစ်တောထဲတွင်တည်ရှိပြီး ခရိုင်ဖြင့် (၃၀)ကီလိုမီတာ ခန့် ကွာဝေးပါ သည်။ ကျွမ်းကျင်ပညာရှင်များ၏လေ့လာချက်အရ ညောင်ပင်ဘုရင်မှာ အပင်သက်တမ်း(၃၀၀) ကျော်ရှိပြီ ဖြစ်ကာ လက်ရှိ တွေ့ရှိထားသော ညောင်ပင်အနက် အကြီးဆုံးသော၊ အမြစ်အများဆုံးသော ညောင်ပင်ဖြစ်ပါသည်။ ထိုညောင်ပင်၏အပင်ကိုယ်ထည်မှာ အလွန်ကြီးမားပြီး လူ(၁၀)ယောက်ဝိုင်းပတ်ပွေ့ပိုက်လျှင်ပင် မလုံလောက်ပါ။ ညောင်ပင်ဘုရင်၏ အရှည်မှာ မီတာ(၄၀)ခန့်ရှိပြီး အောက်သို့တွဲကျနေသော အမြစ်မှဖြစ်ပေါ်လာသော သစ်ကိုင်း သစ် များမှာ အကိုင်းပေါင်း(၁၀၀)ခန့်ရှိနိုင်ပြီး အဝေးမှကြည့်ပါက သစ်တောငယ်လေးဖြင့်တူနေသောကြောင့် တစ်ပင်တည်း ဖြင့် သစ်တောဖြစ်နေသည်ဟုလည်း ခေါ်ဆိုပါသည်။

  www.dhtjb.com မှကောက်နုတ်ဖော်ပြသည်။

新闻推荐