တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် ရွှေလီမြို့၌် တရုတ်နိုင်ငံ၏ တိုက်ရိုက် live ထုတ်လွှင့်ခြင်း ခေတ်စားလာသည့် နည်းပညာပြောင်းလဲမှုကြောင့် ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်း၏ပုံသဏ္ဍာန်မှာ တစ်ဖြည်းဖြည်းပြောင်းလဲလျက်ရှိ ပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်းတစ်လုံးမှ live ထုတ်လွှင့်ခြင်းဖြင့် တရုတ်နိုင်ငံ live ထုတ်လွှင့်သူနှင့် မြန်မာ ကျောက်စိမ်း ကုန်သည်တို့ ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းပုံစံအသစ်တစ်ခု ဖြစ်ပေါ်လာခဲ့ရာ မကြာသေးမီနှစ်များက အရောင်း အဝယ်အေးနေခဲ့သော ကျောက်စိမ်းမြို့အတွက် တွန်းအားသစ်တစ်ရပ်ဖြစ်စေခဲ့ကြောင်း သိရပါသည်။
အွန်လိုင်းမှ ကြည့်ရှု့သူသည် live ထုတ်လွှင့်ထားသောလက်ဝတ်ရတနာများကို ကြိုက်နှစ်သက်ပါက် မှာယူနိုင်ပြီး မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲပေးချေရမည်ဖြစ်သည်။live ထုတ်လွှင့်သူအတွက် ၁၀%ရှိသော ကော်မရှင်ကြေး အပါ အဝင် ပေးချေပြီးပါက live ထုတ်လွှင့်သူဘက်မှ အမြန်အချောပို့မှတစ်ဆင့် ကုန်ပစ္စည်းကို ပေးပို့ပေးမည်ဖြစ်ကြောင်း သိရသည်။ တစ်ဖက်မှာ မြန်မာနိုင်ငံနယ်စပ်မှ တရုတ်နိုင်ငံသို့သွားရောက်၍ ကျောက်စိမ်းရောင်းချသော မြန်မာကျောက် စိမ်းကုန်သည် တစ်ဖက်မှာ ဈေးနှုန်းချိုသာသော ကျောက်စိမ်းလက်ဝတ်ရတနာ ဝယ်ယူလိုသောတရုတ်စားသုံးသူများ အတွက် live ထုတ်လွှင့်တင်ပေးသောစင်မြင့်က ၎င်းတို့အတွက် ကြားခံပွဲစားအဖြစ် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ဤကဲ့သို့သော ရောင်းချမှုပုံစံသစ်သည် ပြီးခဲ့သောနှစ်က တရုတ်နိုင်ငံ၏ကျောက်စိမ်းလုပ်ငန်းအတွက် အလွန်ကြီးမား သော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရပါသည်။
www.ynxxb.com မှကောက်နုတ်ဖော်ပြသည်။