Myanmar မှာ ဝက်ဆိုက်
တာ့လီ-ရွှေလီရထားလမ်း ကျန်းတင်စစ်ဥမင်လိုဏ်ခေါင်းလမ်းဖောက်လုပ်ပြီးစီး တည်ဆောက်ပြီးပါက တာ့လီမှရွှေလီသို့ ခရီးချိန်(၃)နာရီသာ ကြာမြင့်မည်ဖြစ်

  ဇွန်လ၊ ၁၀ ရက်နေ့ တရုတ်နိုင်ငံရထားလမ်း First Group No.4 Engineering Co., Ltd မှ တာဝန်ယူဆောက် လုပ်လျက်ရှိသော သော တရုတ်-မြန်မာ နိုင်ငံတကာရထားလမ်းကြောင်းတွင် ပါဝင်သည့် တာ့လီ-ရွှေလီရထားလမ်း ကျန်းတင်စစ်ဥမင်လိုဏ်ခေါင်းလမ်းသည် ယခု အခါတွင် အဆင်ပြေချောမွေ့စွာ ပြေးဆွဲသွားလာနိုင်ပြီဖြစ်ကြောင်း သိရ ပါ သည်။ ဤသည်မှာ တာ့လီ-ရွှေလီရထားလမ်း တည်ဆောက်မှု၏ ထပ်တစ်ဖန် ထိုးဖောက်မှုသစ်များ ရရှိခဲ့ခြင်းကို ဖော်ညွှန်းနေခြင်းပင်ဖြစ်ပါသည်။ ကျန်းတင်စစ်ဥမင်လိုဏ်ခေါင်းတည်နေရာသည် တာ့လီမြို့ ရွှေဖျင်ခရိုင်အတွင်းဖြစ်ပြီး စုစုပေါင်း(၃.၈)ကီလိုမီတာရှည်လျားပါသည်။ ဥမင်လိုဏ်ခေါင်း၏ဝင်ပေါက်ကို တာ့လီဘက်မှ ရှီးဆန်းဘုံချောင်း တံတား ကြီးဖြင့် ဆက်သွယ်ထားပြီး ထွက်ပေါက်ကို ပေါင်ဆန်းဘက်မှ လန်ချန်းမြစ်တံတားဖြင့် ဆက်သွယ်ထားကာ ထိုဥမင် လိုဏ်ခေါင်းဒီဇိုင်း၏ တစ်လမ်းပြေးရထားလမ်းအရှည်မှာ (၃ယ၅၈)ကီလိုမီတာရှိကြောင်း သိရပါသည်။

  တာ့လီ-ရွှေလီရထားလမ်းသည် အရှေ့ဘက်တွင် ယူနန်ပြည်နယ် တာ့လီမြို့မှစတင်၍ အနောက်ဘက်တွင် တရုတ်နိုင်ငံ ရန်ပီ၊ ရုံဖျင်၊ ပေါင်ဆန်း၊ စီးတျန့်၊ လုံလင်၊ မန်စီမှ တရုတ်-မြန်မာနယ်စပ်ဂိတ် ရွှေလီအထိဖြစ်ကာ Trans-Asian ရထား လမ်း၏ အနောက်ဘက်လမ်းကြောင်းဖြစ်သည့် တရုတ်-မြန်မာအပြည်ပြည်ဆိုင်ရာလမ်းကြောင်း၏ အရေးပါးသော အစိတ်အပိုင်းတစ်ခု ဖြစ် ကာ စုစုပေါင်းအရှည် (၃၃၀)ကီလိုမီတာ ရှိကြောင်း သိရသည်။ အဆိုပါ ရထားလမ်း၏ ခရီးသည် တင်ရထား၏ပြေးဆွဲမှုအရှိန်စံနှုန်းမှာ တစ်နာရီလျှင် (၁၄၀) ကီလိုမီတာဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပြီးစီးတည်ဆောက်သွားနိုင်ရန် ခန့်မှန်းထားပါသည်။ ထိုအခါ တာ့လီမှ ရွှေလီသို့သွား ရောက်သောခရီးစဉ်ကြာမြင့်ချိန်မှာ မူလ(၇-၈)နာရီအချိန်မှ (၃)နာရီအချိန်ခန့်အထိ တိုတောင်းသွားမည်ဖြစ်ကြောင်း သိရပါ သည်။

  www.kunming.cn မှကောက်နုတ်ဖော်ပြသည်။

新闻推荐