ယူနန်ပြည်နယ် ကူမင်း-ကွမ်ထုန်း-တာ့လီရထားလမ်းမှာ ဇူလိုင်လတွင် စတင်ပြေးဆွဲမောင်းနှင်သွားမည်ဖြစ် ကြောင်း သိရပါသည်။ ခရီးသွားရာတွင် ရွေးချယ်မှုတစ်ခု ပိုများလာမည်ဖြစ်ပြီး မြို့တွင်းရှိ ခရီးသွားလုပ်ငန်းများမှ ယူနန် မြန်နှုန်းမြင့်ရထားလမ်းခရီးသွားလမ်းကြောင်းအများအပြားကို စတင်စီစဉ်နေပြီဖြစ်ကြောင်း သိရပါသည်။
ကူမင်း-ကွမ်ထုန်း-တာ့လီရထားလမ်းဖောက်လုပ်ပြီးစီးခြင်းသည် ယူနန်ပြည်နယ်အတွင်းရှိ လူကြိုက်များသောခရီး သွားဗဟိုဒေသ သီးခြားစွာဖြစ်တည်နေသောအခြေအနေကို ချိုးဖျက်ပေးသွားနိုင်မည်ဖြစ်ကာ မြန်နှုန်းရထားလမ်းဖြင့် အချင်းချင်း ဆက်သွယ်၍ ခရီးစဉ်မြန်နှုန်းကို ၁၀၀%အထက်သို့ မြင့်တက်လာစေခဲ့ပါသည်။ မြန်နှုန်းမြင့်ရထား လမ်းမှာ လည်း အသုံးပြုနည်းအသစ်များနှင့် ထုတ်ကုန်များကို တိုးချဲ့လာနိုင်မည်ဖြစ်၍ ယူနန်ပြည်နယ်ခရီးသွားမှု (၃.၀)ခေတ် ကို စတင် ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
လမ်းပန်းဆက်သွယ်ရေးပုံစံသစ်ကြောင့် ယူနန်ပြည်နယ်သည် ၂၀၁၈ခုနှစ်နွေရာသီခရီးသွားကာလတွင် လူကြိုက် များသော ခရီးသွားဦးတည်ရာနေရာဒေသဖြစ်လာနိုင်ကြောင်း သိရပါသည်။
gzdaily.dayoo.com မှကောက်နုတ်ထားသည်။