ဇူလိုင်လ၊ ၉ရက်နေ့က Donghai Airlines မှ ပျံသန်းပြေးဆွဲသည့် တရုတ်နိုင်ငံ စိမ်းကျိမ့်မှ မန္တလေးသို့ တိုက်ရိုက် ပျံသန်းသည့် လေကြောင်းလိုင်း၏ ပထမဦးဆုံးအကြိမ်ခရီးစဉ်ကို ပေါင်အန်းနိုင်ငံတကာလေဆိပ်တွင် စတင်ပျံ့သန်းပြေး ဆွဲခဲ့သည်။ ထို့ကြောင့် စိန်းကျိမ့်မြို့တွင် နိုင်ငံတကာလေကြောင်းလိုင်းသစ်တစ်လိုင်း ထပ်တိုးလာခဲ့ပါသည်။ ထိုစင်းလုံး ငှားလေကြောင်းလိုင်း ဖွင့်လှစ်နိုင်ခြင်းသည် ကွမ်ကျိုးထိန်ခိမ်းသိပ္ပံနည်းပညာသတင်းအချက်အလက် ကုမ္ပဏီလီမိတက် နှင့် ရင်ခဲမေချိန်နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီလိမိတက် စိန်းကျိမ့်ကုမ္ပဏီခွဲမှ လပေါင်းများစွာ ကြိုးပမ်းပြီး နောက် Donghai Airlines ကုမ္ပဏီဖြင့် ညှိနှိုင်းဆွေးနွေးခြင်းမှ ရရှိသောရလဒ်တစ်ခုဖြစ်ပါသည်။ စိန်းကျိမ့်မှ မြန်မာနိုင်ငံ မန္တလေးသို့ ပြေးဆွဲသော လေကြောင်းလိုင်း Flight No. DZ6225/26ဖြစ်ပါသည်။ ထိုလေကြောင်းလိုင်းတွင် ဘိုအင်း B738လေယာဉ်အမျိုးအစားကို အသုံးပြုပျံ့သန်းပြီး တစ်ပတ်လျှင်(၂)ကြိမ်ပျံ့သန်းမည်ဖြစ်ကြောင်း သိရသည်။ အသွား ခရီးစဉ်တွင် တနင်္လာနေ့နှင့် သောကြာနေ့ (၂၃း၀၀)နာရီတွင် စိမ်းကျိမ့်ပေါင်အန်းအပြည်ပြည်ဆိုင်ရာ လေဆိပ် မှပျံသန်း မည်ဖြစ်ပြီး အင်္ဂါနေ့နှင့် စနေနေ့ ဒေသ စံတော်ချိန် (၀၂း၀၀)နာရီတွင် မန္တလေးသို့ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးစဉ် တွင် အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့တိုင်းတွင် မန္တလေးဒေသစံတော်ချိန်(၀၃း၂၀)တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာ၍ (၀၇း၅၀) နာရီခန့်တွင် စိန်းကျိမ့်ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ မည်ဖြစ် သည်။ ခရီးစဉ်တစ်ခုလုံးကြာချိန် (၃) နာရီ(၃၀)မိနစ်ခန့်ဖြစ်ကြောင်း သိရသည်။
www.szonline.net မှကောက်နုတ်ဖော်ပြသည်။