Myanmar မှာ ဝက်ဆိုက်
တရုတ်လာအိုရထားလမ်း မဲခေါင်မြစ်ဖြတ်ကျော်တံတားကြီး ပင်မအခြေခံဆောက်လုပ်မှုလုပ်ငန်း ပြီးစီး

  တရုတ်-လာအိုရထားလမ်း လွမ်ပရာဘွမ်ပြည်နယ် မဲခေါင်မြစ်တံတားကြီး၏ ပင်မတံတားနောက်ဆုံးထောက်တိုင်မှ (၁၀)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ဤသည်မှာ တရုတ်-လာအိုရထားလမ်း မဲခေါင်မြစ်ဖြတ်ကျော် တံတား ကြီး နှစ်စင်း၏ ပင်မတံတားအခြေခံဆောက်လုပ်မှုပြီးစီးကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။

  တရုတ်နိုင်ငံ China Railway No.8 Engineering Group Co.,Ltd က တရုတ်လာအိုသံလမ်း တတိယလမ်းပိုင်း တတိယပိုင်းဌာနခွဲမှ မဲခေါင်မြစ်ကျော်တံတားကြီးနှစ်စင်းကိုတာဝန်ယူဆောက်လုပ်ခဲ့ပါသည်။အမှတ်(၂၁)ပလက်ဖောင်း ကွန်ကရစ်လောင်ခြင်း အောင်မြင်စွာပြီးစီးခဲ့ခြင်းမှာ တရုတ်-လာအိုရထားလမ်း မဲခေါင်မြစ်ဖြတ်ကျော်တံတားကြီး နှစ်စင်း ၏ ပင်မတံတားအခြေခံအုတ်မြစ်တည်ဆောက်မှု အားလုံးပြီးစီးသွားကြောင်းကို ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဆောက်လုပ်ရေးလုပ်ငန်း အပိုင်းတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပြီး ကွန်ကရစ်လောင်းခြင်းပြီးစီးခြင်းမှာ ယခုနှစ်ရေလွှမ်း မိုးရာသီမရောက်ခင် ပင်မတံတားအုတ်မြစ်တိုင်အားလုံး ရေမနစ်မြှုပ်ရန်အတွက် ခိုင်မာသော အခြေခံ ကို တည်ဆောက် ပေးလိုက်ပင်ဖြစ်သည်ဟု တတိယပိုင်းဌာနပါတီအလုပ်ကော်မတီအတွင်းရေးမှူး မစ္စတာထန် ကောင်းယွင်က (၁၀)ရက်နေ့တွင် လုပ်ငန်းခွင်၌ ဆင်ဟွာသတင်းထောက်ကို မိတ်ဆက်ပြောကြားခဲ့ပါသည်။

  လွမ်ပရာဘွမ် မဲခေါင်မြစ်ဖြတ်ကျော်တံတားကြီးသည် တရုတ်-လာအိုရထားလမ်း၏ အဓိကလုပ်ငန်းဖြစ်သည်။ ဤ တံတားကြီးသည် (၁၄၅၈.၉)မီတာရှည်၍ တံတားအုတ်မြစ်တိုင်နှစ်ခုကြားကွာဟမှုမှာ စုစုပေါင်း(၃၄)ခုရှိသည်။ ၎င်းတို့အနက် အမှတ် (၂၁)တံတားအုတ်မြစ်တိုင်အခြေခံသည် မဲခေါင်မြစ် အဓိကရေစီးကြောင်းအနီးတွင်ရှိ၍ ရေစီး မြန်ဆန်၍ ရေနက်သည်။ လွမ် ပရာဘွမ် မဲခေါင်မြစ်ကျော်တံတားကြီးသည် တံတားအုတ်မြစ်တိုင်အခြေအခံ(၅)ခုအ တွင်းရှိ ဆောက်လုပ်ရန် အခက်ခဲ ဆုံး၊ ဆောက်လုပ်မှုလုပ်ငန်းအများဆုံး၊ အန္တရာယ်အရှိဆုံးသော ရေနက်အခြေခံ အုတ်မြစ်ဖြစ်ကြောင်း သိရသည်။

  www.xinhuanet.com မှကောက်နုတ်ဖော်ပြသည်။

新闻推荐