အောက်တိုဘာလ၊ ၂ ရက်နေ့တွင် ပထမဆုံးသော ကွမ်ကျိုးမှမြန်မာနိုင်ငံမန္တလေးသို့တိုက်ရိုက်ပျံသန်းမည့် နိုင်ငံတကာလေကြောင်းလိုင်းကို တရားဝင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ၊ ၁၁ ရက်နေ့က တရုတ်နိုင်ငံ 9 Air လေကြောင်းလိုင်းက ထုတ်ပြန်ကြေညာခဲ့ပါသည်။
ကွမ်ကျိုး-မန္တလေးလေကြောင်းလိုင်းသစ်မှာ 9 Air လေကြောင်းလိုင်း၏ ဘိုအင်း (၇၃၇-၈၀၀)မော် ဒယ် လေ ယာဉ်ဖြင့် ပြေးဆွဲပျံသန်းသွားမည်ဖြစ်ကာ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် အသွားအပြန် လေ ကြောင်းလိုင်း(၁)ကြိမ်စီပြေးဆွဲသွားမည်ဖြစ်သည်။ လေကြောင်းလိုင်းအသေးစိတ်အချက်အလက်များမှာ အသွား ခရီး လေကြောင်းလိုင်း AQ1001၊ (၁၂း၀၅)နာရီတွင် ကွမ်ကျိုးပိုင်ယွင်နိုင်ငံတကာလေဆိပ်မှစတင်ပျံသန်းထွက်ခွာပြီး ဒေသစံတော်ချိန်(၁၃း၄၀)တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်သည်။ အသွားခရီးစဉ်အ တွက် တရုတ်ယွမ်ငွေ(၇၅၉)ယွမ်ကုန်ကျမည်ဖြစ်သည်။ (လောင်စာဆီဖိုးနှင့်အခွန်ငွေမပါဝင်ပါ။) လေယာဉ်လက်မှတ် ဈေးနှုန်းအားလုံး၏ ၁% ဖြင့်တူညီပါသည်။ အပြန်လေကြောင်းလိုင်းမှာ AQ1002 ဖြစ်ပြီး ဒေသစံတော်ချိန် (၁၄း၄၀) တွင် မန္တလေးမှစတင်ပျံသန်းပြေးဆွဲကာ (၁၈း၅၅)တွင် ကွမ်ကျိုးသို့ဆိုက်ရောက်မည်ဖြစ်သည်။ အပြန်လေယာဉ်လက် မှတ် တရုတ်ယွမ်ငွေ(၉)ယွမ်မှစတင်မည်ဖြစ်သည်။ (လောင်စာဆီဖိုးနှင့်အခွန်ဖိုးမပါဝင်ပါ)။ လောင်စာဆီအခွန်ဖိုး၏ အသွားအပြန်ခန့်မှန်းဈေးနှုန်းမှာ တရုတ်ယွမ်ငွေ(၉၂၉)ယွမ်ဖြစ်ပါသည်။ ဤသို့ဆိုလျှင် အနိမ့်ဆုံးဈေးနှုန်း တရုတ်ယွမ် ငွေ(၁၇၀၀)ဖြင့် ကွမ်ကျိုးမှ မြန်မာနိုင်ငံမန္တလေးမြို့သို့ အသွားအပြန်တိုက်ရိုက်ပျံသန်းခရီးစဉ်ကို စီးနင်းနိုင်တော့မည်ဖြစ် ကြောင်း သိရပါသည်။
www.cnr.cn မှကောက်နုတ်ဖော်ပြသည်။