Myanmar မှာ ဝက်ဆိုက်
ဘတ်စ်ကားဖြင့် ဗီယက်နမ်သွားခြင်း၊ တရုတ်နိုင်ငံကူမင်း-ဗီယက်နမ် Hai phong အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လမ်းကြောင်း စမ်းသပ်ပြေးဆွဲ

  စက်တင်ဘာလ၊ ၁၉ ရက်နေ့ နံနက်ပိုင်းက ယူနန်ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာန ကူမင်းမြို့နန်ပုမော်တော် ယာဉ်ခရီးသည်ပို့ဆောင်ရေးစခန်းတွင် တရုတ်ကူမင်း-ဗီယက်နမ်Hai Phong နိုင်ငံတကာလမ်းကြောင်း ခရီးသည်တင် လမ်းကြောင်းစမ်းသပ်ပြေးဆွဲမောင်းနှင်မှုအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုအကြိမ် စမ်းသပ်မောင်းနှင်ခြင်း မှာ တရုတ်-ဗီယက်နမ် နှစ်ဦးနှစ်ဖက် သယ်ယူပို့ဆောင်ရေးဌာနနှင့် လုပ်ငန်းတို့မှ စီမံဖွဲ့စည်းခြင်းဖြစ်သည်။ တရုတ်၊ ဗီယက်နမ်နှစ်နိုင်ငံမှ ခရီးသည်တင်ယာဉ်(၂)စီး၊ ရုံးသုံးကား(၃)စီးဖြင့် ဖွဲ့စည်းထားသော ကားအဖွဲ့သည် စက်တင် ဘာလ၊ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ယူနန်ပြည်နယ် Hai Phongမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။ လမ်းတစ် လျှောက် တွင် ဟနွိုင်း၊ Phu Tho၊ Yen Bai၊ Lao Cai စသည့်မြို့များကို ဖြတ်ကျော်၍ တရုတ်နိုင်ငံ ဟဲခုံ(He kou)ဆိပ်ကမ်း မှတစ်ဆင့် ပြည်ဝင်ကာ ခွံဟဲ(kun he)အဝေးပြေးလမ်းတစ်လျှောက် မောင်းနှင်ပြီး (၁၈)ရက်နေ့တွင် ကူမင်းသို့ ရောက်ရှိ မည်ဖြစ်ပါသည်။ ခရီးအရှည်မိုင် (၇၈၀) ကီလိုမီတာရှိ၍ ခရီးကြာချိန်မှာ (၁၀)နာရီခန့်ရှိကြောင်း သိရပါသည်။။

  တရုတ်-ဗီယက်နမ် ကုန်စည်သယ်ယူပို့ဆောင်မှု ပုံမှန်လည်ပတ်လာသည်နှင့်အမျှ လမ်းကြောင်းတစ်လျှောက် ဒေ သရှိ အပြည်ပြည်ဆိုင်ရာကုန်စည်စီးဆင်းမှု၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု၊ ပြည်သူသွားလာဆက်ဆံမှု စသည်တို့ လည်း ပူးတွဲဖွံ့ဖြိုးရန် ထိရောက်စွာမြင့်တင်ပေး၍ နှစ်ဖက်အားသာချက် ဖြည့်ဆည်းပေးကာ နှစ်ဦးနှစ်ဖက်အကျိုးတူခံ စားရမည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုက်တွန်းပေးကြောင်း သိရပါသည်။ တရုတ်နိုင်ငံ ကူမင်း-ဗီယက်နမ် Hai phong အပြည်ပြည်ဆိုင်ရာလမ်းမကြီး စမ်းသပ်မောင်းနှင်လှုပ်ရှားမှု အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် ယူနန်ပြည် နယ်နှင့် ဗီယက်နမ်သက်ဆိုင်ရာ ပြည်နယ်နှင့်မြို့များသည် အချင်းချင်း တိုက်ရိုက်သွားလာနိုင်သော ခေတ်တစ်ခုသို့ ဝင်ရောက်လာခြင်းပင်ဖြစ်ကြောင်း သိရပါသည်။

  www.yunnan.cn မွေ

  ကာက်နုတ်ဖော်ပြသည်။

新闻推荐