Myanmar မှာ ဝက်ဆိုက်
တရုတ်နိုင်ငံတက်ဟုန်းမန်စီလေဆိပ်သည် မန်စီ-ရန်ကုန် ခရီးသည်မှ ကုန်စည်တင်သည့် လေကြောင်းကို အောင်မြင်စွာ ဖွင့်လှစ်ပျံသန်း

  (သတင်းစဉ်)  နိုဝင်ဘာ ၂၈ ရက်မိုးလင်းခါနီးတွင် 

မြန်မာနိုင်ငံအမျိုးသားလေကြောင်းလိုင်း UB8101 သည်

ကုန်ပစ္စည်း ၁၁ ဒသမ ၉၆ တန် တင်ဆောင်ကာ တက်

ဟုန်းပြည်နယ်ခွဲ မန်စီလေဆိပ်မှ ထွက်ခွာပြီး မြန်မာနိုင်ငံ 

ရန်ကုန်လေဆိပ်သို့ တိုက်ရိုက်ပျံသန်းခဲ့သည်။ ဤသည်

မှာ  တက်ဟုန်းပြည်နယ်ခွဲ မန်စီလေဆိပ်သည်  နိုင်ငံတ

ကာခရီးသည်တင်လေကြောင်းအား ကုန်တင်လေကြောင်း

အဖြစ်  ပထမဆုံးအကြိမ်  ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ 

တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့လေဆိပ်လေကြောင်းဆိပ်

ကမ်းသည်  ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုး

တက်မှုမြှင့်တင်ရာတွင် ဂိတ်ဝစီးပွားရေးတည်ဆောက်ခြင်း

အပေါ်  ခြေလှမ်းသစ်နှင့်  ပလက်ဖောင်းသစ်သို့ တက်

လှမ်းရန် တွန်အားပေးခဲ့ကြောင်း သရုပ်ဖော်နိုင်ခဲ့သည်။

    မန်စီလေဆိပ်၏ ခရီးသည်မှ ကုန်တင်လေကြောင်း

ခရီးစဉ်များကို နိုဝင်ဘာ ၂၈ ရက်နှင့် နိုဝင်ဘာ ၂၉ ရက်

တို့ကို ကြိုတင်စီမံဖွင့်လှစ်ထားကြောင်းသိရသည်။ နှောင် 

တွင် ဈေးကွက်အခြေအနေပြောင်းလဲမှုအရ  ပျံသန်းမှုအ

ရေအတွက်နှင့် ကုန်တင်လေကြောင်းခရီးစဉ်ကို တဖြည်း

ဖြည်းတိုးမြှင့်သွားမည်ဖြစ်သည်။

    မန်စီလေဆိပ်သည် နိုင်ငံတော်၏ ]]ရပ်ဝန်းနှင့်ပိုးလမ်း

မ}} အဆိုပြုချက်နှင့်  ယူနန်ပြည်နယ်မှ  တောင်အာရှနှင့် 

အရှေ့တောင်အာရှအတွက် လွှမ်းခြုံမှုစင်တာတည်ဆောက်

ရန် လိုအပ်ချက်များကို ပေါင်းစည်း၍ ဝန်ဆောင်မှုပေးကာ

 တက်ဟုန်းပြည်နယ်ခွဲ၏  စီးပွားရေး၊  လူမှုရေးဖွံ့ဖြိုးတိုး

တက်မှုလိုအပ်ချက်နှင့်  လေဆိပ်၏ လက်တွေ့ဖွံ့ဖြိုးတိုး 

တက်မှုအပေါ်မူတည်ပြီး အစီအမံများစွာဖြင့်  ဆိပ်ကမ်း

စီးပွားရေးတည်ဆောက်ရေး ဆိုင်ရာလုပ်ငန်းများကို မြှင့်

တင်ပေးလျက်ရှိသည်။  

    ယခုနှစ်မှစတင်၍ မန်စီလေဆိပ်သည် နိုင်ငံတကာလေ

ကြောင်းလိုင်းဆိပ်ကမ်းများ   ပြန်လည်နာလန်ထူဆောင်

ရွက်ခြင်းလုပ်ငန်းကို တစ်ဆင့်တိုး အရှိန်အဟုန်မြှင့်တင်

ဆောင်ရွက်ခဲ့သည်။  ဇန်နဝါရီ  ၂၁ ရက်တွင်  မန်စီ-မန္တလေး

အပြည်ပြည်ဆိုင်ရာ လမ်းကြောင်းလိုင်းကို ပြန်

လည်စတင်ရန် အကောင်အထည်ဖော်ခဲ့ပြီး၊  ယူနန်ပြည်

နယ်ရှိပြည်နယ်ခွဲနှင့် မြို့တော်အဆင့်လေဆိပ်များ၌ နိုင်ငံ

တကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် ပထမ 

ဆုံးသော လေဆိပ်ဖြစ်လာခဲ့သည်။

    မြန်မာအမျိုးသားလေကြောင်းလိုင်းကို  လက်တွဲပြီး 

နိုင်ငံတကာအသွားအပြန်ခရီးစဉ်   ]]မန်စီ-မန္တလေး-ရန်

ကုန်}} ကို ဇွန်လ ၂၉ ရက်နေ့တွင်  စတင်ဖွင့်လှစ်ခဲ့ကာ

 တက်ဟုန်းပြည်နယ်ခွဲရှိ နိုင်ငံခြားလေကြောင်းလိုင်း ပထ

မဆုံးအကြိမ် ဝင်ရောက်လည်ပတ်မှုကို အကောင်အထည်

ဖော်ခဲ့ပါသည်။ 

    အပြည်ပြည်ဆိုင်ရာ  ကုန်စည်ပို့ဆောင်ရေးစခန်းကို

 သြဂုတ် ၁၀ ရက်မှ  စတင်တရားဝင်ဖွင့်လှစ်ခဲ့ပြီး နိုဝင်

ဘာလ ၂၈ ရက်အထိတွင် နိုင်ငံတကာ ကုန်စည်တင်ပို့မှု 

အရေအတွက် စုစုပေါင်း ၄၈၄၈ ခုနှင့်  ၁၀၇ ဒသမ ၅၂၉ 

တန် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။

    ပြည်နယ်ခွဲပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့

ဝင် ဒုအုပ်ချုပ်ရေးမှူး Lin Ji နှင့် ပြည်နယ်ခွဲသက်ဆိုင်ရာ

ဌာနများ၊  ပူးတွဲစစ်ဆေးရေးဌာန၊  မန်စီလေဆိပ်မှ သက်

ဆိုင်ရာတာဝန်ရှိသူများက ပထမဆုံး လေယာဉ်ပျံသန်းမှု

အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။  

(မန်စီလေဆိပ်)


新闻推荐