Myanmar မှာ ဝက်ဆိုက်
နှစ်နိုင်ငံကျော်ဖြတ်ကျော် E- Commerce လုပ်ကိုင်နိုင်သည့် ရွှေလီမြို့

  တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ကျယ်ဂေါင်နယ်စပ်ဂိတ်နှင့် မြန်မာနိုင်ငံ မူဆယ်မြို့တို့သည် ထိစပ်လျက် ရှိပြီး ထူးခြားသော ပထဝီအနေအထားနှင့် ပြည်တွင်းအကောက်ခွန်စစ်ဆေးခြင်းတွင် ဦးစီးပေးမူဝါဒများကြောင့် ရွှေလီ မြို့သည် တစ်မူထူးခြားသော တရုတ်-မြန်မာလွတ်လပ်သောကုန်သွယ်ရေးဇုန်ဒေသတစ်ခု ဖြစ်ခဲ့သည်။ လွန်ခဲ့ (၂)နှစ် အတွင်း ကျယ်ဂေါင်၏လမ်းမများပေါ်တွင် အမြန်ချောပို့ဆိုင် အများအပြားထွက်ပေါ်လာပြီး ၎င်းတို့သည် တရုတ် နိုင်ငံမှ ကုန်စည်များကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးလျက်ကာ အချို့မှာ မြန်မာနိုင်ငံမှ ကုန်စည်ဝယ်ယူမှု ကိုယ်စားလှယ် အဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ကျယ်ဂေါင်သည် ယူနန်ပြည်နယ်၏ အထူးစွန့်ဦးတီထွင် ဖန်တီး သည့် မြို့လေးအမည်စာရင်းတွင် ပါ ဝင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်E-Commerceမြို့လေးအဖြစ် ဆောက်တည် လျက်ရှိ သည်။ ရွှေလီမြို့ အမြန်ချောပို့ကုန်စည်နှင့် နယ်စပ်ဖြတ် ကျော် E-Commerce လုပ်ငန်းများသည်လည်း လျင်မြန်စွာ စတင် ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

  ၂၀၁၆ ခုနှစ်တွင် ရွှေလီမြို့မှ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် E-Commerce လုပ်ငန်းကို စတင်တည်ဆောက် ခဲ့ပြီး နယ်စပ်ဖြတ်ကျော် မိရိုးဖလာနိုင်ငံခြားကုန်သွယ်မှုပမာဏနှင့် လက်ရှိ E-Commerce ကုန်စည်ပမာဏ မြှင့် တက်မှုတို့ကို ပေါင်းစပ်ကာ၊ ရွှေလီမြို့ ကျယ်ဂေါင်လွတ်လပ်သော ကုန်သွယ်ရေးဇုန်အတွင်း သိုလှောင်မှုပမာဏနှင့် ပမာဏတိုးမြှင့်လာသည့် နယ်စပ်ကျော်ဖြတ် E-Commerce ဝန်ဆောင်မှုတို့ကို ပေါင်းစပ်နိုင်တော့မည်ဖြစ်သည်။ ရွှေလီနှင့် ဝမ်တင်းကုန်စည်စီးဆင်းမှုသိုလှောင်စင်တာ၏ သိုလှောင်မှုပမာဏနှင့် Bအမျိုးအစား လွတ်လပ်သော ကုန်သွယ်ရေးဇုန် နိုင်ငံတကာကုန်စည်စီးဆင်းမှုစင်တာ မြှင့်တက်မှုပမာဏတို့ကို ပေါင်းစပ်ကာ၊ ကျေးလက် တောရွာ E-Commerce စင်မြင့်သိုလှောင်မှုပမာဏနှင့် နယ်စပ်ဖြတ် ကျော် E-Commerce စင်မြင့် ပမာဏတိုးမြှင့်မှုတို့ကို ပေါင်းစပ်ခြင်းတို့ဖြင့် တရုတ်-မြန်မာကုန်သွယ်ရေးကို အဆင့်မြင့်တင်သွားကာ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ် ရေးစက်မှုလုပ်ငန်းကို စင်မြင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်ရန် မြှင့်တင်ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

  m.ruili.gov.cn မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐