Myanmar မှာ ဝက်ဆိုက်
၂၀၁၇ ခုနှစ် တရုတ်နိုင်ငံ သစ်သီးတင်သွင်းမှု အရေအတွက်နှင့်ပမာဏတန်ဖိုး ယမန်နှစ်ထက် မြှင့်တက်ခဲ့

  တရုတ်နိုင်ငံသည် သစ်သီးအဓိကစားသုံးသောနိုင်ငံဖြစ်သည့်အပြင် သစ်သီးအဓိကထုတ်လုပ်သောနိုင်ငံလည်းဖြစ် သည်။ အကောက်ခွန်ဦးစီးဌာန၏ကိန်းဂဏန်းများအရ ၂၀၁၇ခုနှစ် အောက်တိုဘာလအထိ တရုတ်နိုင်ငံ၏ သစ်သီး တင်ပို့မှုပမာဏမှာ ယမန်နှစ်နှင့် အခြေခံအားဖြင့် တူညီခဲ့သော်လည်း တရုတ်နိုင်ငံ၏ သစ်သီးတင်သွင်းမှုအရေအ တွက်နှင့် တန်ဖိုးပမာဏနှစ်ခုလုံးမှာမူ ယမန်နှစ်ကထက် မြှင့်တက်ခဲ့ကြောင်း သိရပါသည်။

  သစ်သီးတင်သွင်းမှုပမာဏစုစုပေါင်းကို ကြည့်မည်ဆိုလျှင် စပျစ်သီး၊ ချယ်ရီသီး၊ ဒူးရင်းသီးတို့မှာ အများဆုံး ဖြစ်သည်။ မကြာမီရက်ပိုင်းက ချီလီနိုင်ငံမှချယ်ရီသီးများ တရုတ်နိုင်ငံဈေးကွက်သို့ အများအပြား ဝင်ရောက်မှုကြောင့် ယခုနှစ် တင်သွင်းသောသစ်သီးအမျိုးအစားအတွင်း ချယ်ရီသီးတင်သွင်းမှုအရေအတွက်နှင့် ပမာဏမှာ ပထမနေရာ တွင် ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

  တရုတ်နိုင်ငံထွက် သစ်သီးတင်ပို့မှုအခြေအနေမှာ ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက အခြေခံအားဖြင့် တူညီပါသည်။ တင်ပို့မှုပမာဏကိုကြည့်မည်ဆိုလျှင် ပန်းသီး၊စပျစ်သီးနှင့်သစ်တော်သီးတို့မှာ အများဆုံးဖြစ်သည်။ တစ်နှစ်ကြာ ထိန်း ညှိမှုများပြုလုပ်ပြီးနောက် တရုတ်နိုင်ငံမှထွက်ရှိသော လတ်ဆတ်သည့် သစ်တော်သီး၏ ထုတ်လုပ်မှုစံနှုန်းမှာ ပိုမိုမြင့်မား သောအရည်အသွေးစံနှုန်းသို့ တစ်ဖြည်းဖြည်းရောက်ရှိခဲ့ပြီး မကြာသေးမီရက်ပိုင်းက တရုတ်နိုင်ငံမှသစ်တော်သီးများမှာ တောင်အမေရိကသစ်သီးဈေးကွက်အတွင်းသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပါသည်။ ဤသည်မှာ နိုင်ငံတကာဈေး ကွက်၌ တရုတ်နိုင်ငံထွက် လက်ဆတ်သော သစ်တော်သီးများတင်ပို့ထားနိုင်ပြီဖြစ်ကြောင်း မီးမောင်းထိုးပြသ လိုက်ခြင်း ပင်ဖြစ်ကြောင်း သိရပါသည်။

  www.1nongjing.com မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐