မကြာသေးမီရက်ပိုင်းက ကျင်ဟုန်ဆိပ်ကမ်း(ကွမ်းလေ့ဆိပ်ကမ်း)ဂိတ်သည် အရည် အသွေးကြီးကြပ်စစ်ဆေးရေး နှင့် ပိုးမွှားကင်းစင်ရေးဌာနချုပ်၏ခွင့်ပြုချက်ကို ရရှိခဲ့ပြီး ယူနန်ပြည်နယ်၏ ပထမဆုံးသော အသားတင်သွင်းမှု သတ် မှတ်ခွင့်ပြုသည့်ဂိတ်တစ်ခုဖြစ်လာခဲ့ပါသည်။ ဤသည်မှာ အနာဂတ်တွင် ယူနန်ပြည်နယ်သို့ တင်သွင်းသော အသား များသည် အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေးဌာန၏ စစ်ဆေးမှုကို ခံယူပြီး နောက် အရည်အ ချင်း ပြည့်မီပါက ကျင်ဟုန်ဆိပ်ကမ်း(ကွမ်းလေ့ဆိပ်ကမ်း)ဂိတ်တစ်ဆင့် တင်ပို့နိုင်တော့ မည်ဖြစ် ကြောင်း ဒီဇင်ဘာလ (၂၇)ရက်နေ့က ယူနန်ပြည်နယ် ပို့ကုန်သွင်းကုန်အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေးဌာနမှ သိရ သည်။
ကျင်ဟုန်ဆိပ်ကမ်း(ကွမ်းလေ့ဆိပ်ကမ်း) အသားတင်သွင်းမှု သတ်မှတ်ဂိတ်သည် ဘက်စုံမှ ကျင်ဟုန်ဆိပ်ကမ်း (ကွမ်းလေ့ဆိပ်ကမ်း)ဂိတ်၏ စွမ်းဆောင်ရည်များကို တိုးချဲ့မြှင့်တင်ပေးသွားနိုင်မည်ဖြစ်ပြီး ယူနန်ပြည်နယ်အတွက် စီးပွားရေးတိုးတက်မှုအလားအလာများကို မြှင့်တင်ပေးနိုင်ကာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက် အပြု သဘောဆောင်သော အကျိုးသက် ရောက်မှုများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်ပပိုးမွှားရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရန်၊ စားသောက်ကုန်သန့်ရှင်းရေးနှင့်ဘေးကင်းလုံခြုံရေး သေချာစေရန်အတွက်လည်း အ လေးထား လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။
စီမံကိန်းအဆင်ပြေတည်ဆောက်သွားနိုင်ရန်အတွက် အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး ဌာနမှ ပြည်တွင်းပြည်ပပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လုပ်ဆောင်ကာ နည်းပညာအားသာချက်များကို အပြည့် အဝ အသုံးချပြီး ဂိတ်အခြေခံအဆောက်အဦးဆောက်လုပ်မှု စံနှုန်းမီစေရန်အတွက် အာမခံပေးသွားမည်ဖြစ်သည့်အပြင် မူဝါဒ စနစ်ကျမှု၊ နိုင်ငံတော်၏တင်သွင်းအသားသတ်မှတ်ဂိတ်ဆောက်လုပ်မှုတောင်းဆိုချက်များနှင့်ပြည့်မီရန်အတွက် လုပ်ဆောင်လျက်ရှိသည်။ ထို့နောက် ယူနန်ပြည်နယ် ပြည်ဝင်ပြည်ထွက် အရည်အသွေးကြီးကြပ်စစ် ဆေးရေးနှင့် ပိုး မွှားကင်းစင်ရေးဌာနမှ ဆိပ်ကမ်းဂိတ် လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များကို ကောင်းမွန်စွာလုပ်ဆောင်သွားမည်ဖြစ်ပြီး တင်သွင်းသည့်အသား အမျိုးအစားဘေးကင်း လုံခြုံရေး နိုင်ငံတော်အလေးပေးစစ်ဆေးမှုစမ်းသပ်ခန်းကို ဆောက်လုပ် သွားရန် တင်ပြလျှောက်ထားလျက်ရှိပြီး နည်းပညာစစ်ဆေးမှုအာမခံနိုင်စွမ်းကို မြှင့်တင်သွားကာ အသားတင်သွင်းမှု ကုန်သွယ်ရေးကို အတတ်နိုင်ဆုံး လျင်မြန်စွာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
www.yneport.gov.cn မှ ကောက်နုတ်ဖော်ပြသည်။