Myanmar မှာ ဝက်ဆိုက်
ရွှေလီမြို့၏ သားသတ်ရုံစီမံကိန်းဆောက်လုပ်ပြီးနောက် တစ်နှစ်လျှင် အသားစားနွားအကောင်ရေ (၅)သိန်းခန့် သားသတ်နိုင်တော့မည်

  ဇန်နဝါရီလ၊ ၅ ရက်နေ့က ယူနန်ပြည်နယ် ရွှေလီမြို့ ဖုန်ဟယ်စိုက်ပျိုးရေးစားသောက်ကုန်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ လီမိတက်မှ အသားစားနွားအကောင်ရေပေါင်း(၅)သိန်းခန့် သားသတ်နိုင်သည့်စီမံကိန်း(ပထမအပိုင်း)ကို ရွှေလီမြို့ နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်(နုန့်တောင်) စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်အချောကိုင်ဇုန်ဒေသတွင် အုတ်မြစ်ချတည်ဆောက်ခဲ့ကြောင်း သိရှိရသည်။ ထိုစီမံကိန်းဆောက်လုပ်ပြီးစီးပြီးနောက် တစ်နှစ်လျှင် အသားစား နွားကောင်ရေ (၅)သိန်း၏ တင်သွင်း၊ မွေးမြူ၊ သားသတ်အချောကိုင်တို့ကို စုပေါင်းထားသည့် ထုတ်ကုန်ကွင်းဆက်ဖြစ် လာတော့မည်ဖြစ်သည်။ ယူနန်ပြည်နယ် ရွှေလီမြို့ နုန့်တောင် အသားစားနွားတင်သွင်း၊ တင်ပို့မှု ထုတ်ကုန်လုပ်ငန်းမှ ဖွံ့ဖြိုးတိုးတက်မှုအသစ်များ ရရှိစေရန် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

  ဖုန်ဟယ်၏ အသားစားနွားကောင်ရေ(၅)သိန်းသားသတ်မှုစီမံကိန်း၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ တရုတ် ယွမ်ငွေ(၁.၇)ဘီလီယံဖြစ်ပြီး ခန့်မှန်းထားသောဧရိယာမှာ (၂၅၀၀)မိုဖြစ်ပါသည်။ ထိုအနက် နွားကောင်ရေ(၅)သိန်း သားသတ်နိုင်သည့် စနစ်တကျသားသတ်စက်ရုံ၊ ထိုစက်ရုံတွင်အသုံးပြုမည့် ထုတ်ကုန်အချောကိုင်စက်ရုံ၊ ပြည်တွင်း ပိုး မွှားကင်းစင်မှုစစ်ဆေးစခန်းနှင့် ဆက်စပ်အဆောက်အဦးများ၊ တစ်နှစ်လျှင် နွားကောင်ရေ(၂)သိန်းခန့် သားသတ် နိုင်သော သားသတ် ရုံ၊ အချောကိုင်စက်ရုံ၊ အပိုပစ္စည်းချက်ချင်းအေးခဲသည့်သိုလှောင်ရုံနှင့် အအေးခန်း၊ ရုံးအဆောက် အဦး၊ အညစ်အကြေးစွန့်ပစ်အဆောက်အဦး၊ လျှပ်စစ်ပံ့ပိုးမှု၊ လမ်းမနှင့် အစိမ်းရောင်စီမံကိန်းစသည်တို့ပါဝင်ပါသည်။ ဒုတိယအပိုင်းဆောက်လုပ် မှုတွင် အသားစားနွားသားသတ်ကောင်ရေ(၁)သိန်း၊ သားရေအချောကိုင်စက်ရုံနှင့် အမဲ သား စားသောက်ကုန်ထုတ်လုပ် အချောကိုင်အဆောက်အဦးတည်ဆောက်မှု၊ တစ်နှစ်လျှင် အမဲသားစားသောက်ကုန် တန်ချိန်(၂၀၀၀၀)ခန့်ထွက်ရှိသော အချော ကိုင်စက်ရုံတို့ပါဝင်ပါသည်။ တတိယအပိုင်းဆောက်လုပ်မှုတွင် နွားကောင် ရေ(၂)သိန်းသတ်နိုင်သော သားသတ်ရုံကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ပြီး အမဲသား စားသောက် ကုန်တန်ချိန် (၂၀၀၀၀)ထုတ်လုပ်နိုင်သော အချောကိုင်စက်ရုံ စသည်တို့ပါဝင်ပါသည်။ ထို့အပြင် ပြည်နယ်ခွဲတစ်ခုလုံးတွင် ပြည် တွင်းအမဲသားဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်သွားပြီး တစ်ဖြည်းဖြည်း တစ်နှစ်လျှင် မြန်မာအသားစားနွားကောင်ရေ (၃)သိန်းတင်သွင်းနိုင်သော၊ တစ်နှစ်လျှင် မျိုးစပ်အသားစားနွားကောင်ရေ(၂)သိန်းမွေးမြူသွားရန်၊ တစ်နှစ်လျှင် အသား စားနွားကောင်ရေ(၅)သိန်းခန့် သားသတ်သွားနိုင်ရန်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  m.ruili.gov.cn မှ ကောက်နုတ်ဖော်ပြသည်။

新闻推荐