၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် (၂)နှစ်ကြာထူထောင်ခဲ့ပြီးဖြစ်သော ရောင်းဝယ်ရေးစင်တာ၏ ကော်ဖီရောင်းဝယ်မှု ပမာဏမှာ တရုတ်ယွမ်ငွေ (၁၃)ဘီလီယံကို ကျော်လွန်ခဲ့ပြီး တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော ကော်ဖီလက်ငင်း ရောင်းဝယ်ရေးဒေသ ဖြစ်လာကြောင်း ချုံချင့်ကော်ဖီရောင်းဝယ်ရေးစင်တာမှ သိရပါသည်။
တရုတ်ပြည်ကုန်းတွင်းပိုင်းဒေသရှိသော ချုံချင့်သည် ကော်ဖီစေ့ထုတ်လုပ်မှုမရှိသော်လည်း ၂၀၁၆ ခုနှစ်၊ ဇွန်လ တွင် ကော် ဖီရောင်းဝယ်ရေးစင်တာကို ထူထောင်နိုင်ခဲ့ပါသည်။ ကော်ဖီရောင်းဝယ်ရေးစင်တာမှာ ကော်ဖီE-Commerce ရောင်းဝယ်ရေးစင်မြင့်၊ ကော်ဖီနယ်စပ်ဖြတ်ကျော် E-Commerce စင်မြင့်၊ ကော်ဖီထုတ်လုပ်မှုလုပ်ငန်းကွင်း ဆက် ငွေကြေးရင်းနှီးခြင်းနှင့် ယုံကြည်မှုမြှင့်တင်ခြင်းစင်မြင့်၊ကော်ဖီရောင်းဝယ်ရေးတွက်ချက်မှုစင်တာနှင့်ကော်ဖီကိန်း ဂဏန်း စင်တာတို့ကို လုပ်ဆောင်လျက်ရှိကြောင်း ချုံချင့်ကော်ဖီရောင်းဝယ်ရေးစင်တာ မန်နေဂျာ မစ္စတာဖုန်တယ်မှ ပြောကြားခဲ့ပါသည်။
ယမန်နှစ် နှစ်ကုန်ပိုင်းအထိ ချုံချင့်ကော်ဖီရောင်းဝယ်ရေးစင်တာတွင် မှတ်ပုံတင်ခဲ့သော ပြည်တွင်းပြည်ပ ကော်ဖီ လုပ်ငန်းအဖွဲ့ဝင်ပေါင်း(၃၀၀)ကျော်ခန့်ရှိပြီဖြစ်သည်။ ယမန်နှစ်တစ်နှစ်ပတ်လုံး၏ ရောင်းဝယ်ရေးပမာဏမှာ တရုတ် ယွမ်ငွေ (၉.၇) ဘီလီယံရှိကြောင်းသိရပါသည်။ ချုံချင့်မြို့သည် ယူနန်၊ ရှန့်ဟိုင်စသည့်ဒေသများကို ကျော်လွန်ကာ တရုတ နိုင်ငံ၏ အကြီးမားဆုံးသော ကော်ဖီလက်ငင်းရောင်းဝယ်ရေးဒေသဖြစ်လျက်ရှိကြောင်း သိရပါသည်။
လက်ရှိ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကော်ဖီကြိုတင်ရောင်းဝယ်စင်တာမှာ အင်္ဂလန်နှင့် အမေရိကန် နယူး ယောက်နိုင်ငံများတွင် အသီးသီးတည်ရှိကြောင်း မစ္စတာဖုန်တယ်မှ ပြောကြားခဲ့ပါသည်။ နောက်တစ်ဆင့်တွင် ရောင်း ဝယ်ရေးစင်တာမှ မကြာမီ ကော်ဖီကြိုတင်ရောင်းဝယ်ရေးစင်တာကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ ချုံချင့်မြို့ ၏ ကုန်စည် စီးဆင်းမှုနှင့် ဝန်ဆောင်မှုပေးအပ်သည့် အားသာချက်များကို အသုံးချပြီး ယူနန်ပြည်နယ်ကော်ဖီ၏ အရည်အသွေးနှင့် အရေအတွက်တို့ဖြင့် ပေါင်းစပ်သွားမည်ဖြစ်သည်။ ချုံချင်၏ရည်ရွယ်မှာ ကမ္ဘာ့တတိယအကြီးဆုံးကော်ဖီ ကြိုတင် ရောင်းဝယ်ရေးစင်တာ ဖြစ်လာရန် ဖြစ်ကြောင်း သိရပါသည်။
jjckb.xinhuanet.com မှ ကောက်နုတ်ဖော်ပြသည်။